အဍ္ဎကာသီထေရီ

From Wikipedia, the free encyclopedia

Remove ads

အဍ္ဎကာသိထေရီ သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းမိန်းမတစ်ပါး ဖြစ်သည်။[]

ဘဝဇာတ်ကြောင်း

ဤဘဒ္ဒကမ္ဘာ၌ ကဿပမြတ်စွာဘုရားသည် ပွင့်တော်မူ၏။ ထိုမြတ်စွာဘုရားလက်ထက်တွင် အဍ္ဎကာသိထေရီသည် ရဟန်းပြုတော်မူ၍ သီလ၊ ဣန္ဒြေတို့ကို စောင့်ထိန်းခဲ့၏။

တစ်နေ့သောအခါ အဍ္ဎကာသိထေရီသည် အာသဝေါကင်းပြီးသော ရဟန်းမတစ်ဦးကို ပြစ်မှားလိုသောစိတ်ဖြင့် ဆဲဆိုခဲ့၏။ ထိုကဲ့သို့ ပြုမိသော အကုသိုလ်ကြောင့် သေသောအခါ ငရဲသို့ လားရ၏။

ထိုငရဲမှ လွန်ခဲ့သောအခါ ပြည့်တန်ဆာမဖြစ်ခဲ့၏။ ထိုဘဝမှ လွန်ခဲ့သောအခါ ကာသိတိုင်းတွင် သူဌေးမျိုး၌ ဖြစ်၏။ ရုပ်အဆင်းလည်း လှပ၏။ ယခင်ဘဝက ဆဲရေးခဲ့သည့် အကုသိုလ်ကံအကျိုးကြောင့် ရာဇဂြိုဟ်တွင် ပြည့်တန်ဆာအဖြစ် ထား၏။

တစ်နေ့သောအခါ ဂေါတမမြတ်စွာဘုရား၏ တရားတော်ကို နာကြားရကာ ရဟန်းဘောင်သို့ ဝင်၏။ ဤသို့ဖြင့် အဍ္ဎကာသိထေရီသည် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်လေ၏။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads