အဏုဇီဝသက်ရှိများ

From Wikipedia, the free encyclopedia

Remove ads

အဏုဇီဝ ဟူသည် အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သော အင်မတန်သေးသည့် သက်ရှိများ ဖြစ်၏။ ယင်းအဏုဇီဝတို့ကို လေ့လာသည့်ပညာအား အဏုဇီဝဗေဒ ခေါ်သည်။


အဏုဇီဝကောင်တို့ကို ဘက်တီးရီးယား၊ မှို ၊ အကောင်အို၊ ပရိုတစ်၊ ဗိုင်းရပ် ဟူ၍ အုပ်စု ခွဲထားပြီး သက်ရှိအဖြစ် အစောဆုံးတွေ့ရသော သက်ရှိပုံစံများ ဖြစ်သည်။ ရှေ့ ၄ မျိုးမှာ သီးခြားဖြစ်စေ ကပ္ပါးကောင်အနေနှင့်ဖြစ်စေ နေနိုင်သည်။ ဗိုင်းရပ်မူကား ကပ္ပါးကောင်အဖြစ်သာ နေပြီး အခြားသက်ရှိတို့၏ ဆဲများကို ၎င်းတို့အဖြစ် ထပ်ပွားသည်။

အဏုဇီဝအများစုသည် ဆဲတလုံးကောင်များဖြစ်သည်။ သို့သော် အချို့သော ဆဲတလုံး ပရိုတစ်မျိုးကို လူတို့မျက်စိဖြင့် မြင်နိုင်သည်။ အချို့ ဆဲများကောင်မှာ အဏုကြည့်မှန်ပြောင်းဖြင့်သာ မြင်နိုင်သည်။

အဏုဇီဝတို့ကို အရည်ရှိသော နေရာတိုင်းတွင် တွေ့နိုင်သည်။ ရေပူစမ်းမှသည် သမုဒ္ဒရာကြမ်းပြင်ရှိ ကမ္ဘာ့ကျောက်လွှာအထိပင် ဖြစ်၏။ ထိုနေရာမျိုးတို့မှာ အကြမ်းခံသက်ရှိ (extremophile) တို့သာ နေနိုင်သည်။

အဏုဇီဝတို့မှာ အာဟာရပြောင်းလဲအသုံးချရာတွင် အရေးပါသည်။ အကြောင်းမှာ ယင်းတို့သည် အစာဖြိုခွဲသူအဖြစ် ရှိသောကြောင့်တည်း။ လေထဲမှာ နိုက်ထရိုဂျင်ကိုယူကာ အစာချေဖျက်သဖြင့် နိုက်ထရိုဂျင်သံသရာလည်စေရန်လည်း အရေးကြီး၏။ ပန်သိုဂျင် ခေါ် အန္တရာယ်ပြုအဏုဇီဝတို့မှာ အခြားသက်ရှိတို့သို့ ဝင်ကာ အစာချက်၊ မျိုးပွားခြင်းဖြင့် ရောဂါဖြစ်စေသည်။

အဏုဇီဝအကြောင်းပိုမိုသိလိုပါက အောက်တွင်ဖော်ပြထားသော အပြာရောင်အဏုဇီဝဗေဒ စာသားအားနှိပ်ပါ၊၊

အဏုဇီဝဗေဒ

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads