အတည်စွမ်းအင်
From Wikipedia, the free encyclopedia
Remove ads
အတည်စွမ်းအင် (ခေါ်) တည်တောင့်စွမ်းအင် (သို့) တည်အောင်းစွမ်းအင် (အင်္ဂလိပ်: potential energy) ဆိုသည်မှာ အခွင့်သာသည်နှင့် အရာတ္တု၏ အရွေ့စွမ်းအင်အဖြစ် ပြောင်းလဲရန်၊ တစ်ခါတရံတွင် အပူအဖြစ် ဖြာထွက်ရန် တည်အောင်းနေသည့် စွမ်းအင်အသွင်ကွဲတစ်မျိုး ဖြစ်သည်။ ထို့ကြောင့် ဖြင့် အတည်စွမ်းအင်ကို စကေလာ တိုင်းဖွယ်အဖြစ် ရိုးစင်းလွန်းစွာ ဖော်ပြလျှင် - ဟု အကြမ်းဖျင်းအားဖြင့် ဖြစ်မည်။
- က ၎င်းအတည်စွမ်းအင် ကင်းစင်မည့်နေရာမှ ယခုရောက်ရှိနေရာသို့ အလျားအကွာအဝေး ဖြစ်သည်။
- က ယခုရောက်ရှိရာနေရာ၌ ခံစားနေရမည့် အား ပမာဏ ဖြစ်သည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
ထို့ကြောင့် စပရိန် (ဗူးနွယ်) ကို အရှိအတိုင်း မထားဘဲ ကျုံ့သိပ်ထားလျှင်၊ ဆွဲဆန့်ထားလျှင် ၎င်းမှာ အတည်စွမ်းအင် ရှိနေမည်။ ချုပ်ထိန်းထားမှုတို့ ဖြေလွှတ်လိုက်လျှင် ၎င်းအတည်စွမ်းအင်တို့က အရွေ့စွမ်းအင် အဖြစ်သို့ ပြောင်းလဲမည်၊ အရပ်စကားဖြင့်လျှင် စပရိန်က ပြန်ကန်ထွက်မည်။
ဒြပ်ဆွဲစက်ကွင်းအတွင်း၌ ဒြပ်သားတစ်ခု မရွေ့မလျား တောင့်တည်နေခြင်းမှာလည်း ၎င်း၌ အတည်စွမ်းအင် ရှိနေခြင်း ဖြစ်သည်။ ဥပမာအားဖြင့် အညှာက ထိန်းထား၍ မကြွေကျသေးသည့် သစ်သီးတလုံးသည် အညှာ၏ ထိန်းထားမှု မရှိတော့လျှင် ၎င်း၏ အတည်စွမ်းအင်တို့က အရွေ့စွမ်းအင် အဖြစ်သို့ ပြောင်းလဲမည်၊ အရပ်စကားဖြင့်လျှင် ရွေ့လျားကြွေကျမည်။ ထိုသို့ဖြင့် သက်ရောက်အားက ကမ္ဘာမြေဆွဲအားဖြစ်လျှင် အတည်စွမ်းအင် ညီမျှခြင်းမှာ -
ဟု ဖြစ်မည်။
က အရာတ္တု၏ (သစ်သီး၏) ဒြပ်ထုပမာဏ၊ က ကမ္ဘာမြေ၏ ဒြပ်ထုကြောင့် ဖြစ်ပေါ်သော အလျင်ပြောင်းနှုန်း (acceleration due to gravity of the earth) ဖြစ်ပြီး၊ က အရာဝတ္ထု ချိတ်ဆွဲထားရာ အမြင့် ဖြစ်မည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads