အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး)

From Wikipedia, the free encyclopedia

အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး)
Remove ads

အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) (အင်္ဂလိပ်: Mandalay General Hospital; အတို​ကောက် MGH)သည် မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၂၉လမ်းနှင့်လမ်း၃၀ကြား ၇၄လမ်းနှင့် ၇၇လမ်းကြားတွင် တည်ရှိသည်။ ခုတင် (၁၅၀၀)ဆံ့ဆေးရုံကြီးဖြစ်ပြီး အထက်မြန်မာပြည်အတွက် အားထားရာ ဆေးရုံကြီးတစ်ခုဖြစ်သည်။[]နေ့စဉ် လူနာ ၂၅၀၀ခန့်ကို ကုသပေးနေသည်။ဆေးတက္ကသိုလ် (မန္တလေး)နှင့် နီးကပ်စွာတည်ရှိပြီး ထိုတက္ကသိုလ်၏ သင်ကြားရေးဆေးရုံလည်းဖြစ်သည်။[]

အချက်တိုများ အထွေထွေရောဂါကုဆေးရုံကြီး (မန္တလေး) Mandalay General Hospital, ပထဝီဝင်ဆိုင်ရာ ...
Remove ads

သမိုင်းကြောင်း

၁၈၈၇ခုနှစ်တွင် ဗြိတိသျှအစိုးရမှ အထက်မြန်မာပြည် ပြည်သူ့ကျန်မာရေးကိစ္စများအတွက် စတင်ဖွင့်လှစ်ခဲ့သည်။[]၁၉၂၅ခုနှစ်တွင် ခုတင်(၂၅၀)ဆံ့ မြူနီစီပယ်ဆေးရုံအဖြစ် စတင်ခဲ့ပြီး ၁၉၃၇တွင် ခုတင်(၃၅၀)၊ ၁၉၆၅တွင် ခုတင်(၈၀၀)၊ ၂၀၁၂တွင် ခုတင်(၁၀၀၀)ဆံ့ဆေးရုံအဖြစ် တိုးချဲ့နိုင်ခဲ့သည်။၂၀၁၃ခုနှစ်တွင် အ​မေရိကန်​ဒေါ်လာ ၂.၂၈သန်း သုံးစွဲကာအကြီးစားတိုးချဲ့မှုပြုလုပ်ခဲ့သည်။ လမ်း(၃၀)၊၇၄လမ်းနှင့် ၇၅လမ်းကြားတွင် မန်းတောင်ရိပ် (၉)ထပ် ဆေးကုသဆောင်ကို ဆောက်လုပ်ခဲ့ပြီး ၂၀၁၆ခုနှစ် ဇူလိုင်လ ၂၃ရက်​နေ့တွင် ခုတင် (၁၀၀၀)ဆံ့မှ ခုတင် (၁၅၀၀)ဆံ့​ဆေးရုံအဖြစ် တိုးချဲ့ခဲ့သည်။[][]နောက်ပိုင်းတွင် အလှူရှင်များ၏ လှူဒါန်းမှုဖြင့် အထပ့်မြင့် ဆေးကုသဆောင်များ တိုးချဲ့လျက်ရှိသည်။

Remove ads

ပြခန်း

Thumb
ဖျားနာကုသ​ဆောင် ၃
Thumb
မန်း​တောင်ရိပ် ၉ထပ်ကုသ​ဆောင်
Thumb
၁၀ထပ်​ဆေးကုသ​ဆောင်သစ်

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads