အထွေထွေ ရွေးကောက်ပွဲ၊ ၂၀၁၀

From Wikipedia, the free encyclopedia

Remove ads

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် ၂၀၀၈ ခုနှစ် မေလအတွင်း လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့သည့် မြန်မာ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် အညီ ကျင်းပသည့် ရွေးကောက်ပွဲ တစ်ရပ်ဖြစ်ပြီး ဤသည်မှာလည်း မြန်မာ့သမိုင်းတွင် စတုတ္ထအကြိမ်မြောက် ကျင်းပခြင်းဖြစ်သည်။ ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပခြင်းသည်လည်း နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) မှ ၂၀၀၃ ခုနှစ်တွင် အဆိုပြုခဲ့သည့် ‘ဒီမိုကရေစီ လမ်းပြမြေပုံ’ပါ အဆင့် ၇ ဆင့်တွင် ပဉ္စမမြောက် အဆင့်ဖြစ်သည်။ [][] ဆဋ္ဌမနှင့် သတ္တမ အဆင့်များမှာ ရွေးကောက်တင်မြောက်ခံရသူ ပြည်သူ့ကိုယ်စားလှယ်များဖြင့် သက်ဆိုင်ရာ လွှတ်တော်များ ဖွဲ့စည်းရေးနှင့် ခေတ်မှီတိုးတက်သည့် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေးတို့ဖြစ်သည်။ []

အချက်တိုများ ပြည်သူ့လွှတ်တော် နေရာ ၄၄၀ အနက် ၃၃၀ အစိုးရဖွဲ့နိုင်ရန် ၂၂၁ နေရာ လိုအပ် အမျိုးသားလွှတ်တော် နေရာ ၂၂၄ အနက် ၁၆၈ နေရာ ပြိုင်ဖက်ကို အနိုင်ရရန် ၁၁၃ နေရာ လိုအပ်, ပထမပါတီ ...

၂၀၁၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲပြီးနောက် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး အကြိမ်ကျင်းပသည့် ရွေးကောက်ပွဲဖြစ်သည်။ ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပသည်။[] နိုင်ငံတဝှန်း မဲဆန္ဒနယ် ၁၁၅၉ ခု၌ မဲရုံပေါင်း ၄ သောင်းခန့် ရှိကာ မဲပေးပိုင်ခွင့်ရှိသူ ၂၉ သန်းကျော် ရှိသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ရှိ အမျိုးသားလွှတ်တော်အတွက် အမတ်နေရာ ၂၂၄ နေရာနှင့် ပြည်သူ့လွှတ်တော် အတွက် ၄၄၀ နေရာ သတ်မှတ်ထားသော်လည်း အမတ်နေရာများ၏ ၂၅ % မှာ တပ်မတော်မှ ကိုယ်စားလှယ်များဖြစ်သောကြောင့် ယခုအကြိမ် ရွေးကောက်ပွဲတွင် အမျိုးသားလွှတ်တော်အတွက် အမတ် ၁၆၈ ဦးနှင့် ပြည်သူ့လွှတ်တော်အတွက် ၃၃၀ ဦးသာ ရွေးကောက်တင်မြှောက်ရမည်ဖြစ်သည်။

Remove ads

ရွေးကောက်ပွဲ ဥပဒေ

ရွေးကောက်ပွဲ ဥပဒေများကို ၂၀၁၀ မတ်လ ၉ ရက်နေ့မှစကာ အစိုးရပိုင် သတင်းစာများမှ အချပ်ပိုအဖြစ် ရှေ့စဉ်နောက်ဆက် ထုတ်ပြန်ကြေညာခဲ့သည်။ ပထမဦးဆုံး ‘ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေ’ ကို ၂၀၁၀ မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ယင်းဥပဒေအရ ရွေးကောက်ပွဲ ကော်မရှင်၏ တာဝန်များမှာ ရွေးကောက်ပွဲ ကျင်းပရေးနှင့် နိုင်ငံရေးပါတီများအား ကြီးကြပ်ရေး တို့ဖြစ်သည်။ ကော်မရှင်ဥက္ကဋ္ဌ အပါအဝင် အဖွဲ့ဝင် အနည်းဆုံး ၅ ဦးကို နယက မှ ခန့်အပ်တာဝန်ပေး နိုင်သည်ဟု ရေးသား ပါရှိသည်။ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် အသက် (၅၀) ပြည့်ပြီးသူများ ဖြစ်ရမည်ဖြစ်ပြီး ထင်ပေါ်ကျော်ကြားသည့် ဂုဏ်သတင်းရှိသော ပုဂ္ဂိုလ်အဖြစ် နယကမှ ယူဆသူဖြစ်ရမည်ဟု ပါရှိသည်။ []

နအဖ အစိုးရသည် ၁၁ ရက်နေ့ ညနေပိုင်းတွင် မြန်မာ့ရုပ်မြင်သံကြားသတင်းမှတစ်ဆင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ ယခုဖွဲ့စည်းသည့် ကော်မရှင်တွင် အဖွဲ့ဝင် ၁၇ ဦးပါရှိပြီး ဥက္ကဋ္ဌအဖြစ် ဒုတိယ တရားသူကြီးချုပ် ဦးသိန်းစိုးကို ခန့်အပ်လိုက်သည်။ []

၁၀ ရက်နေ့တွင် ထုတ်ပြန်သည့် ‘နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ’တွင် ပါတီထူထောင်လိုသူ၊ သို့မဟုတ် ပါတီဝင် ဖြစ်လိုသူများသည် ထောင်ဒဏ် ကျခံနေရသူ မဖြစ်စေရဟု ပြဋ္ဌာန်း ထားသည့်အပြင်၊ ပြစ်ဒဏ်ကို အယူခံနေဆဲ ဖြစ်သူလည်း မဖြစ်ရဟု သတ်မှတ်ထားသည်။ []

Remove ads

နိုင်ငံရေးပါတီများ

ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများသည် အနည်းဆုံး ပါတီဝင် ၁၀၀၀ အထက်ရှိရမည်ဖြစ်ပြီး ၂၀၁၀ ခုနှစ် ဇွန်လ ၆ ရက်မတိုင်မှီ မှတ်ပုံတင်ထားသည့် ပါတီများ ဖြစ်ရန်လိုသည်။ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှ ခွင့်ပြုထားပြီးသော နိုင်ငံရေးပါတီ ၄၀ ခုရှိသည်။ [] အချို့ပါတီများမှာ တိုင်းရင်းသား လူမျိုးစုများပါဝင်သည့် ပါတီများဖြစ်ကြသည်။ [၁၀]

၁၉၉၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အမတ်နေရာအများစုကို အနိုင်ရခဲ့သော်လည်း အာဏာလွှဲအပ်ခြင်း မခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှာမူ ရွေးကောက်ပွဲတွင် မပါဝင်ရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သို့သော်လည်း ဝါရင့်ပါတီဝင် အချို့က ရွေးကောက်ပွဲကို သပိတ်မှောက်ပါက အစိုးရ ဆင်ထားသည့် အကွက်အတွင်း ရောက်သွားမည်ဟုဆိုကာ ရွေးကောက်ပွဲဝင်ရန် အမျိုးသား ဒီမိုကရေစီ အင်အားစုကို ဖွဲ့စည်းခဲ့သည်။ [၁၀]


အစိုးရက အဖွဲ့ဝင်ဦးရေမှာ လူဦးရေ စုစုပေါင်း၏ ထက်ဝက်ခန့်ရှိသည်ဟု ဆိုသည့် နိုင်တဝန်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းအား ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဟု နိုင်ငံရေး ပါတီအဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်သည်။ [၁၀]

မှတ်ပုံတင်ထားသည့် ပါတီများ

  1. မြို (ခေါ်) ခမီ အမျိုးသား ညီညွတ်ရေးအဖွဲ့The Mro (or) Khami National Solidarity Organization (MKNSO)
  2. တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီ National Unity Party (NUP)
  3. လားဟူ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီThe Lahu National Development Party (LNDP)
  4. ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီKokang Democracy and Unity Party (KDUP)
  5. ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် The Pa-O National Organization (PNO)
  6. ဒီမိုကရက်တစ်ပါတီ (မြန်မာ) The Democratic Party (Myanmar) (DPM)
  7. ကယန်း အမျိုးသားပါတီ The Kayan National Party (KNP)
  8. မြန်မာနိုင်ငံ ရခိုင်ပြည်နယ် အမျိုးသား အင်အားစုပါတီ The Rakhine State National Force of Myanmar (RSNF)
  9. ကရင်ပြည်သူ့ပါတီ The Kayin People’s Party (KPP)
  10. ‘ဝ’ အမျိုးသား စည်းလုံးညီညွတ်ရေးပါတီThe “Wa” National Unity Party(WNUP)
  11. ပြည်ထောင်စု ကရင်အမျိုးသားများ အဖွဲ့ချုပ် Union Kayin League (UKL) (ဖျက်သိမ်း)
  12. တအောင်း (ပလောင်) အမျိုးသားပါတီ The Taaung (Palaung) National Party (TPNP)
  13. မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ All Mon Region Democracy Party (AMRDP)
  14. ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ပါတီThe Democracy and Peace Party (DPP)
  15. ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ The Shan Nationalities Democratic Party (SNDP)
  16. ညီညွတ်သော ဒီမိုကရက်တစ်ပါတီ The United Democratic Party (UDP)
  17. ၈၈ မျိုးဆက် ကျောင်းသားလူငယ်များ (ပြည်ထောင်စု မြန်မာနိုင်ငံ)The 88 Generation Student Youths(Union Of Myanmar) (8GSY)
  18. ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား နိုင်ငံရေးအဖွဲ့ချုပ် The Union Of Myanmar Fedration of National Politics (UMNPF)
  19. အမျိုးသား နိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် The National Political Alliance League (NPAL)
  20. မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ The Myanmar New Society Democratic Party (MNSDP)
  21. ချင်းအမျိုးသားပါတီ The Chin National Party(CNP)
  22. ဝံသာနု NLD (ပြည်ထောင်စု မြန်မာနိုင်ငံ)The Wunthanu NLD (the Union of Myanmar) (WNLD)
  23. ခေတ်သစ်ပြည်သူ့ပါတီ The Modern People’s Party (MPP)
  24. ပြည်ထောင်စု ဒီမိုကရေစီပါတီ The Union Democracy Party (UnionDP)
  25. မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ The Peace & Diversity Party (PDP)
  26. ချင်းတိုးတက်ရေး ပါတီ The Chin Progressive Party (CPP)
  27. အင်းအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ပါတီ The Inn National Development Party (INPP)
  28. ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ The Rakhine Nationalities Development Party (RNDP)
  29. ‘ဝ’ ဒီမိုကရက်တစ် ပါတီ The Wa Democratic Party (WDP)
  30. ဖလုံ - စဝေါ် ဒီမိုကရက်တစ် ပါတီ The Phalon Sawaw Democratic Party (PSDP)
  31. အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ The National Democratic Party for Development (NDPD)
  32. ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ The Union Solidarity and Development Party (USDP)
  33. တိုင်းရင်းသားလူမျိုးစုများ ဖွံ့ဖြိုးရေးပါတီ The Ethnic National Development Party (ENDP)
  34. မြန်မာဒီမိုကရေစီကွန်ကရက် Myanmar Democracy Congress (MDC) (ဖျက်သိမ်း)
  35. မြို တိုင်းရင်းသားပါတီ Mro National Party (MNP) (ဖျက်သိမ်း)
  36. ကမန် အမျိုးသား တိုးတက်ရေးပါတီ Kaman National Progressive Party (KNPP)
  37. ခမီ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ Khami National Development Party (KNDP)
  38. အမျိုးသား ဒီမိုကရေစီ အင်အားစု National Democratic Force (NDF)
  39. စည်းလုံးညီညွှတ်ရေးနှင့် ဒီမိုကရေစီပါတီ(စဒက)
  40. ကရင်ပြည်နယ်ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးပါတီ
  41. အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
  42. Regional Development Party (Pyay) (RDPP) (ဖျက်သိမ်း)
  43. စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ ကချင်ပြည်နယ် (Unity and Democracy Party of Kachin State; UDPKS)
  44. ဒေသဖွံ့ဖြိုးတိုးတက်ရေးပါတီ(ဖျက်သိမ်း)
Remove ads

ရွေးကောက်ပွဲ ပါဝင်သည့် ပါတီအလိုက် ကိုယ်စားလှယ်လောင်း ဦးရေ

နောက်ထပ် အချက်အလက်များ စဉ်, ပါတီအမည် ...

[၁၁]

ရွေးကောက်ပွဲ ရလဒ်

ရွေးကောက်ပွဲ နောက်ဆုံးရလဒ်များကို ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့က ၂၀၁၀ နိုဝင်ဘာ ၁၇ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့သည်။ 17 August 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 14 January 2021 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး . 14 December 2020 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .

အမျိုးသားလွှတ်တော်

အမျိုးသားလွှတ်တော် အမတ်နေရာ ၂၂၄ နေရာအနက် ၁၆၈ နေရာကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ပါတီအလိုက် အမတ်ဦးရေမှာ

နောက်ထပ် အချက်အလက်များ စဉ်, ပါတီ ...

ပြည်သူ့လွှတ်တော်

ပြည်သူ့လွှတ်တော် အမတ်နေရာ ၄၄၀ အနက် ၃၃၀ ကို ရွေးကောက်တင်မြှောက်ခဲ့သည်။ ပါတီအလိုက် ရွေးကောက်တင်မြှောက် ခံရသည့် အမတ်ဦးရေမှာ

နောက်ထပ် အချက်အလက်များ စဉ်, ပါတီ ...


Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads