အဓိကရဏသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အမှု—အဓိကရုဏ်းကို ငြိမ်းစေမည်ဟု ဝန်ခံပြီးနောက် ငြိမ်းအောင် လုပ်မပေးမှု။
အမှုသည်—ထုလ္လနန္ဒာ။ [၁]
ဘိက္ခုနီတစ်ယောက်မှာ အဓိကရုဏ်း တစ်ခု ဖြစ်နေ၏၊ ဥပမာ-သူ့မှာ ကိစ္စတစ်စုံတရာအတွက် အာပတ်သင့်, မသင့်ကို မဆုံးဖြတ်နိုင်အောင် ဖြစ်နေ၏၊ ဤသို့ဖြစ်မှုကို ပင် အာပတ္တာဓိကရုဏ်းဟု ခေါ်၏၊ ထိုသို့အဓိကရုဏ်း တစ်ခုခုဖြစ်နေသော ဘိက္ခုနီသည် “ထိုအဓိကရုဏ်းကို ဆုံးဖြတ်ပေးစမ်းပါ” ဟု ထုလ္လနန္ဒာကို တောင်းပန်လေရာ, ထုလ္လနန္ဒာသည် “ကောင်းပြီ, ငြိမ်းအောင်ဆုံးဖြတ်ပေးမည်”ဟု ဝန်ခံပြီးနောက် တစ်စုံတစ်ခု အနှောင့်အယှက် အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းငြိမ်းအောင်လုပ်မပေး, အခြားသူတို့ လုပ်ပေးအောင်လည်း ကြောင့်ကြမစိုက်ဘဲ နေ၏၊ ထိုအကြောင်းကို အမှုရှင်ဘိက္ခုနီက အခြား ဘိက္ခုနီတို့အား ပြောပြသဖြင့် ကဲ့ရဲ့ကြသောကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။
Remove ads
ယာ ပန ဘိက္ခုနီ ဘိက္ခုနိယာ ‘‘ဧဟာယျေ, ဣမံ အဓိကရဏံ ဝူပသမေဟီ’’တိ ဝုစ္စမာနာ ‘‘သာဓူ’’တိ ပဋိဿုဏိတွာ သာ ပစ္ဆာ အနန္တရာယိကိနီ နေဝ ဝူပသမေယျ, န ဝူပသမာယ ဥဿုက္ကံ ကရေယျ, ပါစိတ္တိယံ။
အကြင် ဘိက္ခုနီသည် အခြားဘိက္ခုနီတစ်ယောက်က “အရှင်မ...လာစမ်းပါ, မည်သည့်အဓိကရုဏ်းကို ငြိမ်းအောင် လုပ်ပေးစမ်းပါ” ဟု တောင်းပန်အပ်စဉ်တုန်းက “ကောင်းပါပြီ” ဟု ဝန်ခံပြီး၍ နောက်အခါ၌ အနှောင့်အယှက် အန္တရာယ်မရှိပါဘဲ ကိုယ်တိုင်လည်းငြိမ်းအောင် လုပ်မပေးအံ့၊ သူတစ်ပါးလုပ်ပေးအောင်လည်း ကြောင့်ကြမစိုက်အံ့၊ ထိုဘိက္ခုနီမှာ ပါစိတ်အာပတ် သင့်၏။ [ရေ-မီးစသော အန္တရာယ်, တစ်စုံတစ်ယောက်က မဆုံးဖြတ်အောင် နှောင့်ယှက်မှုအန္တရာယ် ရှိ၍ဖြစ်စေ, ကူညီမည့်အဖော်မရ၍ဖြစ်စေ ငြိမ်းအောင်လုပ်မပေးသူမှာ အနာပတ္တိ။
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads
