အနဂ္ဂ
From Wikipedia, the free encyclopedia
Remove ads
အနဂ္ဂသည် ဟစ်ဟော့ ဂီတ ပုံစံသစ်ခေတ်တစ်ခေတ်ကို မိတ်ဆက်ပေးနိုင်ခဲ့သည့် ဟစ်ဟော့ အဆိုတော်တစ်ဦး ဖြစ်သည်။ အဆိုတော်မင်းမင်းလတ်နှင့် ဒေါ်ယမင်းကြိုင် တို့မှမွေးဖွားခဲ့သည်။ အဓိက၊ အလင်္ကာ၊ အနဂ္ဂ၊ အမရာ မွေးချင်း လေးဦးရှိပြီး တတိယမြောက် သားဖြစ်သည်။ ငယ်နာမည် ကိုတွိ ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဟစ်ဟော့ဂီတကို စပြီးမိတ်ဆက်ပေးခဲ့သောအဖွဲ့မှာ ACID အဖွဲ့ဖြစ်ပြီး စတင်ခြင်း အယ်လဘမ် ဖြစ်သည်။ အနဂ္ဂ၊ ဟိန်းဇော်(ကွယ်လွန်)၊ ရန်ရန်ချမ်း၊ Rဇာနည် ၊ ဇေယျာသော်တို့ ပါဝင်သည့် အက်စစ်တေးဂီတအဖွဲ့ သည် မြန်မာနိုင်ငံ၌ အနုပညာ၊ စီးပွားရေးအရပါ ပထမဆုံး အောင်မြင်ကျော်ကြားခဲ့သည့် ဟစ်ဟော့ပ်ဂီတအဖွဲ့ဖြစ်သည်။
ထက်ထက်မိုးဦးနှင့် အိမ်ထောင်ကျခဲ့ပြီး ဂီတလောကမှ ခေတ္တပျောက်သွားခဲ့သည်။ ထက်ထက်မိုးဦးနှင့် ကွာရှင်းပြီးမှ ဂီတလောကတွင် ပြန်ပြီးလှုပ်ရှားလာခဲ့သည်။
ဘာဘူနှင့် တွဲဖက်၍ အနဂ္ဂရဲ့ လုပ်တာ မဟုတ်နှင့် ဘာဘူရဲ့ မဟုတ်တာလုပ် စီးရီးသစ် နှစ်ခွေကို ချိုကြည်သာတေးသံသွင်းမှ (၁၇၊၁၊၂ဝဝ၉)ရက်တွင် ထွက်ရှိခဲ့သည်။[၁]
၂၀၀၉-ခုနှစ်၊ မတ်လ ၁၄ ရက်တွင် အနဂ္ဂ နှင့် ကုမ္ပဏီ လုပ်ငန်းရှင် ၄ ဦးတို့ စစ်ဒေသ(၁) တွင် ခေတ္တ ထိန်းသိမ်းခံရသည်။ နောက်နေ့တွင် ပြန်လည်လွတ်ပေးခဲ့သည်။ [၂]
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့တွင် နွဲ့ယဉ်ဝင်း၏ သမီး ဖြစ်သူ အဆိုတော် သံသာဝင်း နှင့် လက်ထပ် သည်။မင်္ဂလာပွဲကို စိန့်ဩဂတ်စတင်း ဘုရားရှိခိုးကျောင်းတွင် ကျင်းပသည်။[၃]
၂၀၁၇ခုနှစ် နိုဝင်ဘာ ၂၇ရက်တွင် သမီးတစ်ဦး ထွန်းကားသည်။[၄]
Remove ads
သီဆိုခဲ့သော တေးစီးရီး
- မိတော့မိတယ်
- သုံးယောက်ပေါင်းလောင်းကျော်
- မောင်တို့ချယ်ရီမြေ
- ပြိုင်ဘက်
- အနမ်းများစွာအတွက်
- နားညီးတော့---အခုမချစ်
- ပြန်ပြောပြဘို့တော်တော်ခက်လိမ့်မယ်
- ဆယ့်နှစ်ရာသီအချစ်
- လုပ်တာမဟုတ် ၊ မဟုတ်တာလုပ် (ပြိုင်ဘက်-၂)
MRTV-4 မှ ထုတ်လွှင့်သည့် We Can Talk အစီအစဉ်တွင် ရသနှင့်အတူ စီစဉ်သူအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads