အနည်ကျကျောက်
From Wikipedia, the free encyclopedia
Remove ads
အနည်ကျကျောက် (Sedimentary rock) ဆိုသည်မှာ ကမ္ဘာ့မြေမျက်နှာပြင်ပေါ်တွင် သို့မဟုတ် ရေထုထဲတွင် အရာဝတ္ထုပစ္စည်းများ အနည်ကျရာမှ ဖြစ်ပေါ်လာသော ကျောက်အမျိုးအစား ဖြစ်သည်။ အနည်ကျခြင်း ဆိုသည်မှာ ပျော်ရည်တစ်ခုအတွင်းမှ အော်ဂင်းနစ် ဒြပ်ပေါင်းများနှင့် သတ္တုဓာတ်များ အစိုင်အခဲအဖြစ် ပြောင်းလဲသွားခြင်းကို ဆိုလိုခြင်းပင် ဖြစ်သည်။ အနည်ကျခြင်းတွင် ပါဝင်သော အနည်များသည် မူလနေရာတွင် ရာသီဥတု နှင့် ရေတိုက်စားခြင်းကြောင့် ပေါ်ပေါက်လာပြီး ၎င်းတို့ကို ရေ ၊ လေ၊ အစုလိုက်အပြုံလိုက် ရွေ့လျားခြင်းနှင့် ရေခဲမြစ်များတို့ကြောင့် အနည်ကျရာ နေရာသို့ ရောက်ရှိလာကြသည်။
ကမ္ဘာ့မြေလွှာပေါ်တွင် အနည်ကျကျောက်များကို နေရာ အနှံ့အပြားတွေ့ရသော်လည်း ကမ္ဘာ့မြေလွှာတွင် အနည်ကျကျောက်၏ ပါဝင်ဖွဲ့စည်းမှုမှာ ၈ ရာခိုင်နှုန်းသာလျှင် ရှိပြီး ကျန်ရှိသော အစိတ်အပိုင်းများမှာ မီးသင့်ကျောက် နှင့် အသွင်ပြောင်းကျောက်များ ဖြစ်ကြသည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads