အနိစ္စသညာသုတ်

From Wikipedia, the free encyclopedia

Remove ads

[] မမြဲ မမြဲဟူသော အမှတ် “အနိစ္စသညာ”ကို ပွားများအပ်, ကြိမ်ဖန်များစွာ အလေ့ အလာပြုအပ်သည်ရှိသော် ကာမဂုဏ်၌ စွဲမက်မှု ကာမရာဂအားလုံး၊ ရုပ်၌ စွဲမက်မှု ရူပရာဂအားလုံး၊ ဘဝ၌ စွဲမက်မှု ဘဝရာဂအားလုံးကို ကုန်ခမ်းစေနိုင်၏။ ငါဟူသော မာန် (၉) ပါးတို့ကို ပယ်နိုင်၏-ဟု သရဒသမယ၌ လယ်ထွန်သော ဥပမာ၊ ဖြူးဆံမြက်ရိတ်သော ဥပမာ၊ သရက်သီးခိုင် ဥပမာ၊ အိမ်၏အထွတ် ဥပမာ၊ အကျော်နံ့သာ ဥပမာ၊ စန္ဒကူးနီ ဥပမာ၊ မိုးစွေ (မြတ်လေး)ပန်း ဥပမာ၊ စကြာမင်း ဥပမာ၊ လဗိမာန် ဥပမာ၊ နေဗိမာန် ဥပမာ-ဟူသော ဥပမာဆယ်မျိုးတို့ဖြင့် တန်ဆာဆင်၍ ဟောတော်မူသည်။

ခန္ဓာငါးပါး၊ ခန္ဓာငါးပါးဖြစ်ကြောင်း၊ ခန္ဓာငါးပါး၏ ချုပ်ငြိမ်းရာကို ခွဲစိတ်သိမြင်အောင် ပွားများရမည်။ ဤသို့ အနိစ္စသညာကို ပွားများသည်ရှိသော် ကာမရာဂအားလုံး၊ ရူပရာဂအားလုံး၊ ဘဝရာဂအားလုံး၊ အဝိဇ္ဇာအားလုံးကို ကုန်ခမ်းစေပြီး၊ ငါဟူသော မာန (၉) ပါးကို အမြစ်ပြတ်ပယ်နုတ်နိုင်၏-ဟု ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads