အနုပခဇ္ဇသိက္ခာပုဒ်

From Wikipedia, the free encyclopedia

အနုပခဇ္ဇသိက္ခာပုဒ်
Remove ads

အမှု—မထေရ်ကြီးများအနား၌ ကပ်ရောက်နေထိုင်မှု

အမှုသည်—ဆဗ္ဗဂ္ဂီရဟန်းများ


ဆဗ္ဗဂ္ဂီရဟန်းများ ညစ်ပုံ

သံဃိကအိပ်ရာ နေရာများတွင် ကြီးသူတို့ မလိုချင်သော နေရာကိုသာ ငယ်သူတို့ ရကြရိုးတည်း၊ ဆဗ္ဗဂ္ဂီရဟန်းတို့ကား သံဃာများခရီးသွားကြသည့်အခါ ရှေးဉုးစွာ သွားနှင့်ကြ၍ နေရာကောင်းတို့၌ သူတို့၏ သပိတ်သင်္ကန်းများကိုထားပြီးလျှင် ထေရ်ကြီးများကို (ထိုနေရာ မယူရအောင်) အနှောင့်အရှက် ပေးကြ၏၊ ထေရ်တို့သည် ဝါစဉ်အတိုင်း နေရာယူသည့်အခါ ဆဗ္ဗဂ္ဂီတို့ မှတ်ထားသော နေရာများ၌ ကျရောက်ကြသဖြင့် “ငါတို့အား ဒီနေရာမှာ ကျရောက်သည်” ဟုပြောပြီးလျှင် ဆဗ္ဗဂ္ဂီရဟန်းငယ်တို့ကို ထစေကြလေသည် ထိုအခါ ဆဗ္ဗဂ္ဂီ ရဟန်းတို့သည် “အရှင်ဘုရားတို့အား ခုဋင်ထားရာ ထိုင်ခုံထားရာ အရပ်သာရောက်၏, ထိုခုဋင်ထိုင်ခုံ၏ နံပါး၌ လွတ်လပ်သော ကြမ်းပြင်သည် အရှင်ဘုရားတို့နှင့်မဆိုင်” ဟု ဆိုပြီးလျှင် သူတို့အတွက် ကျရောက်သော အခြားနေရာမှ ညောင်စောင်းအင်းပျဉ် (ခုဋင်ထိုင်ခုံ)များကိုယူခဲ့၍ ထေရ်တို့၏ ခုဋင်ထိုင်ခုံများအနီးအပါး၌ ကပ်လျက်ခင်းပြီးလျှင် ထိုင်ကြ အိပ်ကြ စာအံကြလေသည်၊ သူတို့ရည်ရွယ်ချက်ကား ယခုလို ကျဉ်းမြောင်းကြပ်တည်းအောင် အနှောင့်အရှက်ပေးလျှင် ထေရ်ကြီးတွေ အခြားနေရာ သွားနေကြလိမ့်မည်၊ ထိုအခါ နဂိုက ငါတို့မှတ်ထားသော ညောင်စောင်းအင်းပျဉ်ကို ငါတို့ပင်ရလိမ့်မည်ဟု ယူဆကြခြင်းဖြစ်၏၊ ထို့ကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော်မူရလေသည်။ []

Remove ads

သိက္ခာပုဒ်

ယော ပန ဘိက္ခု သံဃိကေ ဝိဟာရေ ဇာနံ ပုဗ္ဗုပဂတံ ဘိက္ခုံ အနုပခဇ္ဇ သေယျံ ကပ္ပေယျ ‘‘ယဿ သမ္ဗာဓော ဘဝိဿတိ, သော ပက္ကမိဿတီ’’တိ ဧတဒေဝ ပစ္စယံ ကရိတွာ အနညံ, ပါစိတ္တိယံ။[]


မြန်မာပြန်

အကြင်ရဟန်းသည် သံဃိကကျောင်း၌ မထစေထိုက်သူဟု သိလျက် မိမိအလျင်, ကပ်ဝင်နေထိုင်သော ရဟန်း၏အနီးသို့ ကပ်ဝင်၍ ထိုင်ခြင်း အိပ်ခြင်းကိုပြုအံ့၊ (အဘယ်သို့ကြံ၍ ပြုသနည်းဟူမူ) “အကြင်ရဟန်းမှာ ကျဉ်းကြပ်ခြင်းဖြစ်လတံ့၊ ထိုရဟန်း ဖဲသွားလိမ့်မည်”ဟု ကြံ၍ ဤကျဉ်းကြပ်စေခြင်းကိုသာလျှင် အကြောင်းပြု၍ အခြားအကြောင်းမရှိဘဲ ထိုင်ခြင်း အိပ်ခြင်းကိုပြုအံ့၊) ထိုရဟန်း ပါစိတ်အာပတ်သင့်၏။ []


မှတ်ချက်

မိမိထက်ကြီးသူကို၎င်း, မကျန်းမမာဖြစ်နေသူကို၎င်း, (အများအကျိုး ဆောင်သော စာချ-ဓမ္မကထိက-ဝိနည်းဓိုရ်-ဘဏ္ဍာစိုး စသူတို့အား သီးခြားနေရာပေးထားတတ်၏။) ထိုသို့ နေရာသီးခြားရထား သူကို၎င်း အခြားပုဂ္ဂိုလ်များက “ဒီနေရာ တပည့်တော်အား ရောက်သည်”ဟုဆို၍ ထ, မသွားစေနိုင်၊ ထိုသို့ သူ့နေရာမှ မထစေထိုက်သော ရဟန်းဟုသိခြင်းကို “ဇာနံ”ဟု သိက္ခာပုဒ်၌ဆိုသည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads