အနုရာဓပူရမဟာဝိဟာရ

From Wikipedia, the free encyclopedia

အနုရာဓပူရမဟာဝိဟာရ
Remove ads

အနုရာဓပူရမဟာဝိဟာရယ (သို့) အနုရာဓပူရမဟာဝိဟာရ (အင်္ဂလိပ်: Anuradhapura Maha Viharaya) သည် သီရိလင်္ကာနိုင်ငံတွင် တည်ရှိသည့် ထေရဝါဒဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။[] ဒေဝါနံပိယတိဿမင်း (247–207 BCE) က ကျောင်းတော်ကို အနုရာဓပူရမြို့တော်တွင် ဆောက်လုပ်ခဲ့သည်။ ရှင်မဟာဗုဒ္ဓဃောသ (၄ ရာစုမှ ငါးရာစု ) နှင့် ဓမ္မပါလ တို့ကဲ့သို့သော ရဟန်းများသည် ပိဋကတ်သုံးပုံနှင့်ပတ်သက်၍ အဋ္ဌကထာ၊ ဋီကာများနှင့် ဝိသုဒ္ဓမဂ်ကဲ့သို့သော စာပေများကို ရေးသားခဲ့ကြသည်။ မဟာဝိဟာရတွင် သီတင်းသုံးနေထိုင်ကြသည့် ရဟန်းများကို Mahaviharavasins ဟု ခေါ်ကြသည်။

Thumb
Model of the Thuparama stupa, the first Sri Lankan stupa, which was part of the Mahavihara complex

ငါးရာစုတွင် မဟာဝိဟာရသည် အာရှတိုက် တောင်ပိုင်းနှင့် အရှေ့ပိုင်းတွင် ခေတ်အမီဆုံးသော တက္ကသိုလ်တစ်ခု ဖြစ်ခဲ့သည်။ နိုင်ငံတကာမှ များစွာသော ပညာသင်ကြားသူများသည် လာရောက်လေ့လာကြသည်။[ကိုးကားချက်လိုသည်]

Remove ads

သမိုင်းကြောင်း

ယင်း-ကို ဒေဝါနံပိယတိဿ-မင်း လှူဒါန်းသောကြောင့် တိဿ []မဟာဝိဟာရ,

B.E. ၁၇၇-တွင် သီဟိုဠ်ဘုရင် မုဋသိဝသည် ကျောင်းတိုက်မတည်မီ ထိုနေရာကို ဥယျာဉ်တော်အဖြစ် ပြုလုပ်စီမံစဉ် မိုးသည်းထန်စွာ ရွာသွန်းသောကြောင့် မဟာမေဃဝန [], ပရိဝေဏများစွာ “၃၆၄”တို့ဖြင့် ကျယ်ပြန့်လာသောကြောင့် မဟာဝိဟာရ (သီဟိုဠ်သမိုင်းများ)ဟု ခေါ်ဆို ရသည်။ ကကုသန်ဘုရား လက်ထက် မဟာတိတ္ထာရာမ, ကောဏာဂုံဘုရား လက်ထက် မဟာနာမာရာမ, ကဿပဘုရား လက်ထက် သာဂရာရာမ, ဂေါတမဘုရား လက်ထက် မဟာမေဃဝန-ဟု ခေါ်ဆိုကြ၏ []

B.E. ၂၃၆-နှစ် နယုန်လဆုတ် ၂-ရက်နေ့တွင် ဒေဝါနံပိယတိဿ-မင်းက မဟိန္ဒ-ထေရ်၏ လက်ပေါ်၌ ရေစက်သွန်းချ၍ သံဃိကလှူဒါန်းခဲ့သည် []

ယင်း-သည် သီဟိုဠ်ကျွန်း မြို့တော် ကိုလံဘိုမှ ၁၂၆-မိုင်ဝေးကွာသော အနုရာဓပူရမြို့၌ တည်ရှိ၏ []

ယင်း-၌ သံယုတ္တနိကာယ်ဆောင် စူဠသီဝထေရ် ဒေသစာရီ လှည့်လည်ရောက်ရှိခိုက် သံဃာမှ ဆိတ် သုဉ်း၏ []

တရုပ်ရဟန်းတော် ဖာဟိယန် သီဟိုဠ်ရောက်စဉ် A.D. ၄၀၀-ခန့်က သံဃာ ၃၀၀၀-ခန့် သီတင်းသုံး ဖူး၏ []

အဋ္ဌကထာကျမ်းပြု အရှင်မဟာဗုဒ္ဓဃောသ B.E. ၉၅၅-၌ မင်းပြုသော မဟာနာမမင်းလက်ထက် မဟာဝိဟာရသို့ရောက်၍ အဋ္ဌကထာသစ်ကို ရေးကူးသည် []တိဿ (၁၉)-နှင့်လည်း ယှဉ်ကြည့်။ [၁၀]

Remove ads

ကိုးကား

ပြင်ပလင့်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads