အနုရာဓသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] ဝဇ္ဇီနိုင်ငံ ဝေသာလီမြို့ ကူဋာဂါရကျောင်းတော်အနီး တောရကျောင်း၌နေသော အရှင်အနုရာဓထေရ်က တိတ္ထိတို့၏ သတ္တဝါနှင့် ပတ်သက်သည့်မေးမြန်းချက်ကို ဖြေကြားရာ အရှင်အနုရာဓမထေရ်အား တိတ္ထိတို့က “နဝဝါဒ, ဗာလဝါဒ”တို့ဖြင့် စွပ်စွဲမှုကြောင့် အရှင်အနုရာဓမထေရ်က မိမိဖြေကြားချက်များကို ဘုရားရှင်အား လျှောက်ထား ခဲ့ပါသည်။
အရှင်အနုရာဓထေရ်အား ဘုရားရှင်က “ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါး စီကို အနတ္တလက္ခဏသုတ်တော်အတိုင်း မေးမြန်း၍ ဟောတော်မူပါသည်။ “ခန္ဓာငါးပါးသာ ရှိ၏” ဟု ရှုသင့်ပုံ၊ ခန္ဓာငါးပါးမှတပါး သတ္တဝါမရှိဟု ရှုသင့်ပုံကို သဘောမှန်အတိုင်း သတ္တဝါဟု မရနိုင်သော ခန္ဓာငါးပါး၌ သတ္တဝါနှင့်ပတ်သက်၍ မေးမြန်းလာပါက ဖြေဆိုရန် သင့်/မသင့်ကို မိန့်ကြားတော်မူရာ အရှင်အနုရာဓမထေရ်၏ ဖြေကြားချက်များကို ဘုရားရှင်က သာဓုခေါ်တော်မူပြီး ငါဘုရားသည် ရှေးအခါ၌လည်းကောင်း၊ ယခုအခါ ၌လည်းကောင်း ဒုက္ခသစ္စာနှင့် နိရောဓသစ္စာကို ပညတ်တော်မူပုံကို ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ -သစ္စာလေးပါးယူပုံကို ဖွင့်ပြထားပါသည်။
[၂] အထက်သုတ်အတိုင်းပင် ဟောတော်မူသည့်သုတ်။
အလုံးစုံတူပါသည်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads