အနေသနာ
From Wikipedia, the free encyclopedia
Remove ads
အနေသနာ [၁] ဆိုသည်မှာ မသင့်လျော်သော ရှာဖွေခြင်းကို ဆိုလိုပါသည်။ သာသနာ့ဝန်ထမ်းရဟန်းတို့နှင့် မလျော်သော ဆေးကုခြင်းစသည်ဖြင့် ပစ္စည်းလေးပါးရအောင် ရှာဖွေခြင်းကိုလည်း အနေသနာဟု ခေါ်ဆိုပါသည်။
သင်္ကန်းအတွက် မသင့်လျော်သော ရှာဖွေမှုကို ပြုလုပ်ပါက အာပတ်သင့်သည်။ [၂] တမန်အဖြစ်သွားခြင်း၊ အစေအခိုင်းခံစေခြင်း စသည်တို့အပါအဝင် အမျိုးမျိုးရှိကြောင်း ဆိုထားသည်။ [၃] ထို့ကြောင့် ရဟန်းများသည် အနေသနာကို အထူးရှောင်ကြဉ်သင့်ပါသည်။ အနေသနာသည် မလျော်ကန်သော ရှာဖွေမှုဖြစ်ပြီး သာသနာ့ဝန်ထမ်းများအတွက် မသင့်လျော်ကြောင်း ဆိုထားသည်။ [၄] အနေသနာကို ရှောင်ကြဉ်ခြင်း ဟူသည် ဆေးကုသခြင်း၊ တမန်အဖြစ်သွားခြင်း စသည်တို့ဖြင့် မလျော်ကန်သော ရှာဖွေမှုကို ရှောင်ကြဉ်ခြင်း၊ ဝေးဝေးရှောင်ခြင်း ဖြစ်၏။ [၅] အနေသနာ ဟူသည် ၂၁ မျိုးသော မလျော်ကန်သော ရှာဖွေမှုဖြစ်သည်။ [၆] ထို့ကြောင့် မလျော်ကန်သော ရှာဖွေမှုကို ပယ်ရှားရမည်။ [၇]မလျော်ကန်သော ရှာဖွေမှုသည် အနေသနာ မည်၏၊ ဆိုအပ်ပြီးသော မိစ္ဆာဇီဝ၌ အကျုံးဝင်၏။ ထို (အနေသနာ) သည် မြတ်စွာဘုရား၏ သာသနာတော်နှင့် မလျော်ကန်၊ ထို (မလျော်ကန်သော ရှာဖွေမှု) သည် အနေသနာ မည်၏၊[၈]
အနေသန-၏အပြစ်များကို [၉]-တို့တွင် ကြည့်။ ဤအနေသန အမျိုးမျိုးကို သင်္ချာမသတ်မှတ်ပဲ [၁၀]-တို့၌ ပြဆိုထားသည်။ ယင်းတို့ကိုပင် အမှီပြု၍ [၁၁]-တို့၌ အနေသန ၂၁-မျိုးကို ပြဆိုအပ်သည်။ ထိုတွင် မ၊ဋ္ဌ-၌ သီ-မူကွဲ အတိုင်းယူလျှင် ယင်းနှင့် မူလဋီ-တို့ အတူတူ ဖြစ်သည်။ ခုဒ္ဒက၊ ဋ္ဌ-နှင့် သုတ္တနိ၊ ဋ္ဌ-တို့၌ကား မိလိန္ဒ၌ လာသည့် အတိုင်းပင် ပြဆိုထားသည်ကို တွေ့ရသည်။ [၁၂]
ကုလဒူသကကမ္မ, မိစ္ဆာဇီဝ တို့လည်း ကြည့်။
Remove ads
(၁) လူများကို ဆေးကုပေး၍ ပစ္စည်းရှာခြင်း၊
(၂) လူတို့၏ ခရီးရှည်စေတမန်လုပ်ခြင်း၊
(၃) လူတို့၏အနီးအနား အစေအခိုင်းခံခြင်း၊
(၄) အနာကိုဓားခွဲပေးခြင်း၊
(၅) ဆေးလိမ်းပေးခြင်း၊
(၆) ပျို့အန်ဆေးပေးခြင်း၊
(၇) ဝမ်းနုတ်ဆေးပေးခြင်း၊
(၈) နှာရှူဆေးပေးခြင်း
(၉) မျက်စဉ်းပေးခြင်း၊
(၁၀) ဝါးပေးခြင်း၊
(၁၁) သစ်ရွက် သက်ငယ် ဓနိပေးခြင်း၊
(၁၂) ပန်းပေးခြင်း၊
(၁၃) စားဖွယ်သစ်သီးပေးခြင်း၊
(၁၄) ရေချိုးဆပ်ပြာပေးခြင်း၊
(၁၅) ဒန်ပူပေးခြင်း၊
(၁၆) မျက်နှာသစ်ရေပေးခြင်း၊
(၁၇) မျက်နှာချေမှုန့် ပေါင်ဒါပေးခြင်း၊
(၁၈) မြေညက်ပေးခြင်း၊
(၁၉) မိမိကိုယ်ကိုအောက်ချ၍ကျုပ် ကျွန်တော်စသော ဝေါဟာရတို့ဖြင့်ပြောခြင်း၊
(၂၀) လိမ်လည် ဝါကြွား၍ပြောကြားခြင်း၊
(၂၁) ကလေးထိန်းများကဲ့သို့ လူတို့၏ကလေးများကို ချီပွေ့ချော့မြှူခြင်း။ [၁၃] [၁၄]
Remove ads
လင်္ကာ
(ဆောင်) ၁။ မျက်သစ်ရေထက်၊ ဆွမ်းတုံ့စွက်၊ သစ်ရွက် ချိုးမှုန့်ပါ။
၂။ ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်ဝါစာ။
၃။ ခိုင်းစေရာခံ၊ စေတမန်၊ မြေကျန် အတတ်ပါ။
၄။ ခေတ္တအင်္ဂ၊ နက္ခတ္တ၊ သုံးဝ ထိုဝိဇ္ဇာ။
၅။ ပေါင်းပါ ဒူရှစ်၊ နှစ်ဆယ့်တစ်၊ စင်စစ် နေသနာ။ [၁၅]
တစ်နည်း
၁။ မျက်သစ်ရေထက်၊ ခိုင်းစေစွက်၊ သစ်ရွက်ချိုးမှုန့်ပါ။
၂။ ကလေးချီသယ်၊ ပဲဟင်းနှယ်၊ ချစ်ဖွယ် နှုတ်ဝါစာ။
၃။ နာခွဲလိမ်းဆေး၊ ဝမ်းအန်ဆေး၊ ချက်ပေးဆီ နှစ်ဖြာ။
၄။ ပေါင်းပါဒူရှစ်၊ နှစ်ဆယ့်တစ်၊ စင်စစ်နေသနာ။ [၁၆]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads