အန်တိုနီရို ကွန်တီ

From Wikipedia, the free encyclopedia

အန်တိုနီရို ကွန်တီ
Remove ads

အန်တိုနီရို ကွန်တီ (၃၁ ဇူလိုင်လ ၁၉၆၉ခုနှစ် ဖွားမြင်) သည် အီတလီလူမျိုး ကြေးစားဘောလုံးနည်းပြနှင့် ဘောလုံးကစားသမားဟောင်းတစ်ဦးဖြစ်သည်။ သူသည် လက်ရှိတွင် အင်္ဂလန် အဆင့်မြင့်တန်းအသင်း ချဲလ်ဆီးအသင်းတွင် မန်နေဂျာအဖြစ် တာဝန်ယူနေသည်။ ကွန်တီသည် သူ၏ကစားသမားဘဝကို မွေးရပ်မြေ လက်ဆီအသင်း၌ ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် စတင်ခဲ့ပြီး နောက်ပိုင်းတွင် ဂျူဗင်တပ်အသင်း၏ ထင်ရှားကျော်ကြားဆုံးကစားသမားများထဲမှ တစ်ဦးအဖြစ် ထင်ပေါ်လာခဲ့သည်။ သူသည် ဂျူဗင်တပ်အသင်းအား အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူကစားခဲ့စဉ် စီးရီးအေ ဖလား (၅)ကြိမ်အပြင် ဥရောပချန်ပီယံလိဒ်ဖလားကိုလည်း ရယူနိုင်ခဲ့သည်။ သူသည် အီတလီလက်ရွေးစင်အဖြစ် ၁၉၉၄ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ၂၀၀၀ ဥရောပအဖွဲ့ချုပ် ဖလား ပြိုင်ပွဲများတွင် ပါဝင်ခဲ့ပြီး ပြိုင်ပွဲနှစ်ခုလုံးတွင် အီတလီအသင်းသည် ဒုတိယရခဲ့သည်။

အချက်တိုများ ကိုယ်ရေးအချက်အလက်များ, အမည် အပြည့်အစုံ ...

ကွန်တီ၏မန်နေဂျာဘဝကို ၂၀၀၆ခုနှစ်တွင် စတင်ခဲ့ပြီး ဘာရီအသင်းအား ၂၀၀၈-၀၉ စီးရီးဘီ ချန်ပီယံဘွဲ့ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။ နောက် ၂ နှစ်အကြာတွင် စီရန်နာ အသင်းကို စီးရီးအေသို့ ပို့ပေးနိုင်ခဲ့သည်။ ၂၀၁၁ခုနှစ်တွင် ဂျုဗင်တပ်အသင်းကို စတင်တာဝန်ယူခဲ့ပြီး ၃-၅-၂ ကစားကွက်ဖြင့် စီးရီးအေ ချန်ပီယံ (၃)နှစ် ဆက်တိုက် ရရှိစေခဲ့သည်။ ယူရို ၂၀၁၆ မစမှီအထိ အီတလီလက်ရွေးစင်အသင်းကို တာဝန်ယူခဲ့သည်။ ၂၀၁၆ ဧပြီတွင် ချဲလ်ဆီးအသင်းကို စတင်တာဝန်ယူခဲ့ပြီး ယင်းနှစ်၌ပင် အင်္ဂလန် အဆင့်မြင့်တန်း ချန်ပီယံဖြစ်စေခဲ့သည်။

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads