အန်းဟွေးပြည်နယ်

From Wikipedia, the free encyclopedia

အန်းဟွေးပြည်နယ်
Remove ads

အန်းဟွေး(Ānhuī) (安徽) ပြည်နယ် သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံပြည်နယ်တစ်ခု ဖြစ်သည်။ ယန်စီမြစ် နှင့် ဟွိုင်မြစ် တို့၏ မြစ်ဝကျွန်းပေါ်ဒေသ များဖြင့် ပါဝင်ဖွဲ့စည်းထားပြီး တရုတ်နိုင်ငံ၏ အရှေ့ပိုင်းတွင် တည်ရှိသည်။ အရှေ့ဘက်တွင် ကျန်းစူးပြည်နယ်၊ အရှေ့တောင်ဘက်တွင် ကျဲ့ကျန်းပြည်နယ်၊ တောင်ဘက်တွင် ကျန်းရှီးပြည်နယ်၊ အနောက်တောင်ဘက်တွင် ဟူပေပြည်နယ်၊ အနောက်မြောက်ဘက်တွင် ဟဲနန်ပြည်နယ်၊ မြောက်ဘက်တွင် ရှန်းတုန်းပြည်နယ် တို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည်။ ပြည်နယ် ၏ မြို့တော်မှာ ဟဲဖေးမြို့ (Hefei) ဖြစ်သည်။

အချက်တိုများ
Thumb
အန်းဟွေးပြည်နယ်၊ တုန်းကျိမြို့။


အန်းဟွေးဟူသောအမည်သည် အန်းဟွေးပြည်နယ်တောင်ပိုင်းတွင် တည်ရှိသော မြို့ကြီး နှစ်မြို့ ဖြစ်သည့် အန်းချင့်မြို့ (Anqing) နှင့် ဟွေကျိုးမြို့ (Huizhou) တို့၏ အမည်များကို ပေါင်းစပ်ခေါ်ဝေါ်ရာမှ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ [] အန်းဟွေးပြည်နယ်အတွက် အတိုကောက် တရုတ်စာလုံးမှာ ဝမ် "皖" (Wǎn) ဟု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အန်းဟွေးပြည်နယ်ဒေသသည် ရှေးယခင်က ဝမ်တိုင်းပြည်၊ ဝမ်တောင်ထွတ် နှင့် ဝမ်မြစ် တို့ တည်ရှိရာဖြစ်သောကြောင့်တည်း။

Remove ads

အဓိကမြို့ကြီးများ

  • ဟဲဖေးမြို့ - Hefei
  • အန်းချင့်မြို့ - Anqing
  • ဟွမ်ဆန်းမြို့ - Huangshan City
  • ထုံလင်မြို့ - Tongling
  • မာအန်းဆန်းမြို့ - Ma'anshan
  • ဟွိုင်နန်မြို့ - Huainan
  • ပုံ့ပုမြို့ - Bengbu
  • ပေါ်ကျိုးမြို့ - Bozhou

အုပ်ချုပ်ရေးခရိုင်များ

အန်းဟွေးပြည်နယ်ကို ခရိုင်ကြီး (prefecture-level divisions) (၁၇)ခု ဖြင့်ဖွဲ့စည်းထားသည်။

နောက်ထပ် အချက်အလက်များ Map, စဉ် ...

အထက်ပါ ခရိုင်ကြီး (Prefecture) (၁၇)ခုကို ခရိုင်ငယ် (County) (၁၀၅)ခု အဖြစ် ထပ်မံခွဲခြမ်းသည်။ ၎င်းခရိုင်ငယ်များကို တစ်ဖန်ထပ်မံ၍ မြို့နယ် (Township) (၁၈၄၅)ခု ခွဲခြမ်းထားပြန်သည်။

Remove ads

လူဦးရေနှင့်လူမျိုးများ

ဟန့် ခေါ် တရုတ်လူမျိုးမှာ အများစုဖြစ်သည်။ ဟွေးလူမျိုး (Hui) နှင့် ရှဲ့လူမျိုး (She) တို့မှာ ဒုတိယ လူဦးရေအများဆုံး ဖြစ်သည်။

အန်းဟွေးပြည်နယ်သည် ကျားမဦးရေအချိုး အလွန်မြင့်မားသော ပြည်နယ်တစ်ခု ဖြစ်သည်။ ၂၀၀၉ခုနှစ်၊ ဗြိတိသျှဆေးပညာဂျာနယ် (British Medical Journal)၏ အဆိုအရ အသက်(၁)နှစ်မှ (၄)နှစ်အရွယ် ကလေးများ၏ ကျားမဦးရေအချိုးမှာ မိန်းကလေး (၁၀၀) တွင် ယောက်ျားလေး (၁၃၈)ယောက် ဖြစ်နေသဖြင့် တရုတ်နိုင်ငံတွင် ကျားမဦးရေအချိုး အမြင့်မားဆုံးပြည်နယ် ဖြစ်ကြောင်း ဖော်ပြထားသည်။ []

ထင်ရှားသောပုဂ္ဂိုလ်များ

  • ဟူကျင်ထောင်း - Hu Jintao
  • ကျွမ်းဇီ - Zhuang Zi
  • လျိုအန်း - Liu An
  • ကျူးယွမ်ကျန်း - Zhu Yuanzhang(Hongwu Emperor)
  • ဆောင်ဆောင်း - Cao Cao
  • လျိုမင်ချွမ်း - Liu Mingchuan
  • ပေါင်းကျင့် - Bao Zheng
  • ကျန့်ထျန်းယို - Zhan Tianyou
  • ချင်တုရှို့ - Chen Duxiu
  • ဟူရှီး - Hu Shi
  • ချင်နင်ယန် - Chen Ning Yang
  • ကျင်းကျင် - Jin Jing
  • ခဲ့ချင်ရှီး - Ke Qingshi

တက္ကသိုလ်၊လိပ်များ

  • [[]]Anhui Agricultural University ၊ ဟဲဖေးမြို့
  • [[]]Anhui Normal University ၊ ဝူးဟူမြို့
  • [[]]Anhui University ၊ ဟဲဖေးမြို့
  • [[]]Anhui University of Finance and Economics ၊ ပွင့်ပုမြို့
  • [[]]Anhui University of Technology ၊ မာအန်းရှန်းမြို့
  • [[]]Hefei University of Technology ၊ ဟဲဖေးမြို့
  • [[]]Anhui University of Technology and Science ၊ ဝူးဟူမြို့
  • [[]]University of Science & Technology of China ၊ ဟဲဖေးမြို့
  • [[]]Anhui University of Traditional Chinese Medicine
  • [[]] Anhui University of Science & Technology ၊ ဟွိုင်းနန်မြို့
  • [[]]Wannan Medical College ၊ ဝူးဟူမြို့
  • [[]]Huainan Institute of Technology ၊ ဟွိုင်းနန်မြို့
  • [[]]Correspondence College of Computer of China
  • [[]]Chizhou University ၊ ချီကျိုးမြို့
  • [[]]Chuzhou Normal Academy ၊ ချူကျိုးမြို့
  • [[]]Anhui Sanlian College ၊ ဟဲဖေးမြို့
  • [[]]Electronic Engineering College of Hefei ၊ ဟဲဖေးမြို့
  • [[]]Huaibei Coal Industry Normal College ၊ ဟွိုင်းပေမြို့
  • [[]]Anqing Teachers College ၊ အန်းချင့်မြို့
  • [[]]Hefei Normal University ၊ ဟဲဖေးမြို့
Remove ads

ကိုးကား

ပြင်ပလင့်ခ်များ

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads