အပဂတသုတ်

From Wikipedia, the free encyclopedia

Remove ads

[] ရာဟုလာ ပစ္စုပ္ပန်၊ အတိတ်, အနာဂတ်, အဇ္ဈတ္တ, ဗဟိဒ္ဓ, ဩဠာရိက, သုခုမ, ဟီန, ပဏီတ, ဒူရ, သန္တိကဖြစ်သော “ရုပ်, ဝေဒနာ, သညာ, သင်္ခါရ, ဝိညာဏ-ဟူသော ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၌ “ငါမဟုတ်၊ ငါ့ဥစ္စာမဟုတ်၊ ငါ့အတ္တမဟုတ်” ဟု ဟုတ်မှန်သည့်အတိုင်း မှန်ကန်သော ဝိပဿနာပညာ (မဂ်ပညာ)ဖြင့် သိသော သူသည် တဏှာဒိဋ္ဌိတို့ဖြင့် တစုံတခုသော အာရုံကို မစွဲလမ်းတော့ပဲ ကိလေသာမှ လွတ်မြောက်၏။ ရာဟုလာ ဤသို့ သိမြင်သူသည် ဝိညာဏ်နှင့်တကွဖြစ်သော ဤကိုယ် ကာယ၌ဖြစ်စေ, ပြင်ပ အလုံးစုံသော နိမိတ်တို့၌ဖြစ်စေ ငါဟုစွဲယူမှု “ဒိဋ္ဌိ”၊ ငါ့ဥစ္စာဟု တပ်မက်မှု “တဏှာ”၊ ထောင်လွှားမှု “မာန” တို့မှ ကင်းသော ထောင်လွှားမှု အဖို့အစုကို ကောင်းစွာ လွန်မြောက်သော ကိလေသာအပူမလိမ်း ငြိမ်းအေးသော ကိလေသာမှ ကောင်းစွာလွတ်မြောက်သော စိတ်ဖြစ်၏” ဟု အရှင်ရာဟုလာအား ဘုရားရှင် ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads