အပရာပရိယဝေဒနီယကံ

From Wikipedia, the free encyclopedia

အပရာပရိယဝေဒနီယကံ
Remove ads

အခြားတပါး အခြားတပါးသော- နောက်နောက်သော – ဘဝ၌-ခံစားအပ်သော - ခံစားအပ်သော အကျိုးရှိသော-ကံ၊ တတိယဘဝမှစ၍ ဘဝအဆက်ဆက် အကျိုးပေးခွင့်ရှိသောကံ၊ အလယ်ဇော ၅-ချက်စေတနာ။ [] [] [] [] [] (ဝိသုဒ္ဓိ၊ဋီ၊၂၊၂၇၆-၌ အပရာပရိယာယေတိ-ဟု တည်၍ ဖွင့်သည်၊ ၎င်းပုဒ် ဋ္ဌ-၌ မရှိ။ မ၊ဋီ၊၃၊၁၅၇-၌လည်း အပရာပရိယာယဝေဒနီယ-ဟု ရှိ သည်။ အပရပရိယာယ-ကြည့်။) [] [] (ပဋိသံ၊ဋ္ဌ၊၁၊၃၂၇-၌ အပရပရိယဝေဒနီယေန-ဟု ရှိသည်ကို အပရာပရိယဝေဒနီယေန-ဟု ပြင်သင့်သည်။) [] [] (အဘိဓမ္မာဝတာရ၊၁၆၀။၎င်း၊ဋီ၊သစ်၊၂၊၃၁၆-တို့လည်း ကြည့်။) အပရပရိယာယဝေဒနီယ-လည်း ကြည့်။ [၁၀]


အပရာပရိယာယဝေဒနီယကံ- ကုသိုလ်, အကုသိုလ် အလယ်ဇော ၅-ချက် စေတနာသည် အပရာပရိယာယဝေဒနီယကံ မည်၏။ ဤအလယ်ဇောငါးချက် စေတနာသည် အာသေဝနပစ္စည်းဖြင့် ကျေးဇူးပြုမှုကို ခံရသောကြောင့် အလွန်အားကောင်းသည်၊ ထို့ကြောင့် တတိယဘဝမှစ၍ ဘဝမဆုံးမချင်း နိဗ္ဗာန်ရသည့်ဘဝတိုင်အောင် အကြောင်း အခွင့်သင့်သော ဘဝ၌ အကျိုးပေးနိုင်သည်။ [၁၁] ဤအပရာပရိယာယဝေဒနီယကံမှ လွတ်သော သတ္တဝါမည်သည် မရှိ။ [၁၂] [၁၃]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads