အပ္ပသဒ္ဒသိက္ခာပုဒ်
From Wikipedia, the free encyclopedia
Remove ads
အပ္ပသဒ္ဒသိက္ခာပုဒ် ၂-ပါး (ဥဇ္ဇဂ္ဃိကဝဂ်)
အသံကျယ်စွာ စကားပြောခြင်း
ဆဗ္ဗဂ္ဂီရဟန်းတို့သည် မြို့ရွာအတွင်း၌ အသံကျယ်စွာ စကားပြော၍ သွားလာ နေထိုင်ကြကုန်၏။ [အသံကျယ်စွာ စကားပြောခြင်းလည်း ယဉ်ကျေးပြီးသူတို့၏ အပြုအမူ မဟုတ်၊ ယခုကာလ၌ပင် တောသူတောသားနှင့် မြို့သူမြို့သား စကားပြောပုံသည် အသံကျယ်—မကျယ်အားဖြင့် ကွဲပြားလျက်ရှိ၏။ ထို့ကြောင့် ဆဗ္ဗဂ္ဂီရဟန်းတို့၏ အသံကျယ်စွာ စကားပြောမှုကို သာဝတ္ထိမြို့သူမြို့သားတို့က ကဲ့ရဲ့ရှုတ်ချ-အောက်တန်းစားတွေဟု အသိအမှတ်ပြုကြသောကြောင့်...[၁]
(က) “အပ္ပသဒ္ဒေါ အန္တရဃရေ ဂမိဿာမီတိ သိက္ခာ ကရဏီယာ။
(ခ) အပ္ပသဒ္ဒေါ အန္တရဃရေ နိသီဒိဿာမီတိ သိက္ခာ ကရဏီယာ”။ ဟု ဤသိက္ခာပုဒ် ၂-ပါးကိုဘုရားရှင် ပညတ်တော်မူရလေသည်။
Remove ads
မြန်မာပြန်
တိုးသောအသံ ရှိသည်ဖြစ်၍ (စကားပြောစရာ ရှိလျှင် တိုးတိုးသက်သာ ပြောလျက်) မြို့ရွာအတွင်း၌ သွားလာ-နေထိုင်မည်”ဟု အလေ့အကျင့်ကို ပြုရမည်။
၁၂-တောင်ကျယ်သောအိမ်ဝယ် မြောက်အစွန်၌ တပါး, တောင်အစွန်၌ တပါး, အလယ်အကြား ၆-တောင်ခန့်၌ တပါး ထိုင်နေရာ, မြောက်ဆုံး ပုဂ္ဂိုလ်က အလယ်ပုဂ္ဂိုလ်အား လှန်း၍ စကားပြောရာ၌ အလယ်ပုဂ္ဂိုလ်သာ စကားလုံးကို ကွဲကွဲ ပြားပြားကြားရ၍ တောင်ဆုံးပုဂ္ဂိုလ်က ကွဲကွဲပြားပြား မကြားရလျှင် ထိုအသံကို အပ္ပသဒ္ဓ = တိုးသောအသံဟု ဆိုရ၏၊ တောင်ဆုံး ပုဂ္ဂိုလ်ပါ ကွဲကွဲ ပြားပြားကြားရလျှင်ကား မဟာသဒ္ဒဖြစ်၍ အပြစ်ရှိသည်။
Remove ads
မှတ်ချက်
ဤသိက္ခာပုဒ်ကို ရဟန်းသာမဏေချင်း စကားပြောရာ၌သာ ပညတ်တော်မူလိုရင်း ဖြစ်ဟန်တူ၏။ လူများနှင့် စကားပြောရာ၌ကား (အထူးအားဖြင့် မိန်းမများနှင့် စကားပြောရာ၌) တိုးတိုး ပြောနေလျှင် အပြစ်တင်ဘွယ်ပင် ဖြစ်ရာ၏၊ တရားဟောရာ၌မူ အရှင်အာနန္ဒာ အရှင်မဟိန္ဒ စသော မထေရ်များပင် မြို့အတွင်း၌ ကျယ်စွာသောအသံဖြင့် ပရိသတ် ကြားလောက်အောင် ဟောတော်မူလေ့ရှိပေသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads