အပ္ပံသုပတိသုတ်
From Wikipedia, the free encyclopedia
Remove ads
[၁] ညဉ့်အခါ အိပ်နေမှုနည်းပါး၍ နိုးကြားမှုများသောပုဂ္ဂိုလ် (၅) ယောက်တို့ကို ဟောတော်မူသည့်သုတ်။ [၂]
အပ္ပံသုပတိသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် ညဉ့်၌ အနည်းငယ်အိပ်ကုန်၊ များစွာ နိုးကြားကုန်သော သူငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[၃]
အပ္ပံသုပတိသုတ်
ရဟန်းတို့ ဤသူငါးမျိုးတို့သည် ညဉ့်၌ အနည်းငယ် အိပ်ကုန်၏၊ များစွာ နိုးကြားကုန်၏။
အဘယ်ငါးမျိုးနည်း ဟူမူ -
- ရဟန်းတို့ မိန်းမသည် ယောက်ျား၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
- ရဟန်းတို့ ယောက်ျားသည် မိန်းမ၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
- ရဟန်းတို့ ခိုးသူသည် ခိုးခြင်း၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
- ရဟန်းတို့ မင်းသည် မင်းရေးကိစ္စတို့၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
- ရဟန်းတို့ ရဟန်းသည် (ကိလေသာတို့နှင့်) မစပ်ယှဉ်ရာ (နိဗ္ဗာန်) ၌ အလိုရှိသည်ဖြစ်၍ ညဉ့်၌ အနည်းငယ်သာ အိပ်၏ များစွာ နိုးကြား၏။
ရဟန်းတို့ ဤသူငါးမျိုးတို့သည် ညဉ့်၌ အနည်းငယ် အိပ်ကုန်၏၊ များစွာ နိုးကြားကုန်၏ ဟု (မိန့်တော်မူ၏)။[၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads