အပ်ငွေ အသိအမှတ်ပြုစာရွက်
From Wikipedia, the free encyclopedia
Remove ads
အပ်ငွေ အသိအမှတ်ပြုစာရွက် (အင်္ဂလိပ်: Certificate of Deposit (CD)) သည် ဘဏ်များ၊ ငွေစုငွေချေးလုပ်ငန်းများနှင့် ငွေစုချေးသမဂ္ဂ (Credit Union) တို့မှ ထုတ်ပေးသော အချိန်ပိုင်းအပ်ငွေအတွက် ဘဏ္ဍာရေးဆိုင်ရာ ထွက်ကုန်တခု ဖြစ်သည်။
ဤစာရွက်သည် ငွေစုစာရင်း (saving account) နှင့် သဘောဆင်ပြီး အရှုံးမရှိသလောက်နည်းသည်အထိ အာမခံပေးသည်။ ဘဏ်များအတွက် ဗဟိုအပ်ငွေအာမခံကော်ပိုရေးရှင်းက အာမခံပေးပြီး ငွေစုချေးသမဂ္ဂများအတွက် အမျိုးသားငွေစုချေးအုပ်ချုပ်မှုအသင်း (National Credit Union Administration) က အာမခံပေးသည်။ ငွေစုစာရင်းနှင့် ကွာခြားချက်မှာ ဤစာရွက်တွင် တင်ကြိုသတ်မှတ်သော အချိန်ပိုင်းနှင့် အတိုးနှုန်း ပါပြီးဖြစ်သည်။ သက်တမ်းပြည့်လျှင် အတိုးနှင့်အတူ အပ်ငွေကို ပြန်ထုတ်နိုင်သည်။
တင်ကြိုသတ်မှတ်သော အချိန်ပိုင်းပါသဖြင့် ဘဏ်များက ငွေစုစာရင်းထက် အတိုး ပိုပေးလေ့ ရှိသည်။ သို့သော်လည်း အချိန်မပြည့်မီ ထုတ်ယူက အတိုး လုံးဝရမည်မဟုတ်။ အတိုးနှုန်း ပုံသေရှိသကဲ့သို့ ကာလရှည်လေ အတိုးနှုန်းမြင့်လေလည်း ရှိတတ်သည်။
Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads