အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ

From Wikipedia, the free encyclopedia

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ
Remove ads

အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ (Comite International Olympique) သည် ဆွစ်ဇာလန်နိုင်ငံ Lausanne ၌ အခြေစိုက်သည့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ဖြစ်သည်။ IOC အား ပြင်သစ်လူမျိုး သမိုင်းပညာရှင် ပီယဲ ကူဘာတင် (Pierre de Coubertin) က ၁၈၉၄ ခုနှစ် ဇွန်လ ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး ဂရိလူမျိုး စီးပွားရေးလုပ်ငန်းရှင် Demetrios Vikelas က ပထမဦးဆုံးသော ဥက္ကဋ္ဌအဖြစ် ထမ်းရွက်ခဲ့သည်။ ယနေ့တွင် အဖွဲ့ဝင် အမျိုးသားအဆင့် အိုလံပစ်ကော်မတီ (National Olympic Committee, NOC) ၂၀၅ ဖွဲ့ ရှိပြီဖြစ်သည်။

အချက်တိုများ ဆောင်ပုဒ်, ဖွဲ့စည်းခြင်း ...

၄ နှစ်တစ်ကြိမ် ကျင်းပသော နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ် အားကစားပွဲတော်များကို IOC မှ ကြီးကြပ်ကွပ်ကဲသည်။ IOC မှ ပထမဦးဆုံးအကြိမ် စီစဉ်ကြီးကြပ်သည့် နွေရာသီ အိုလံပစ်ပွဲတော်ကို ၁၈၉၆ ခုနှစ်တွင် ဂရိနိုင်ငံအေသင်မြို့၌ ကျင်းပခဲ့သည်။ ပထမဦးဆုံးအကြိမ် ဆောင်းရာသီ အိုလံပစ်ပွဲတော်ကိုမူ ၁၉၂၄ ခုနှစ်တွင် ပြင်သစ်နိုင်ငံ Chamonix ၌ ကျင်းပခဲ့သည်။ နွေရာသီနှင့် ဆောင်းရာသီ အိုလံပစ်ကို တစ်နှစ်တည်းတွင် ကျင်းပခဲ့သည်မှာ ၁၉၉၂ ခုနှစ်အထိ ဖြစ်သည်။ ထို့နောက် IOC က စီစဉ်ပြင်ဆင်ရန် အချိန် လုံလောက်စွာ ရရှိနိုင်ရေးအတွက် ဆောင်းရာသီ အိုလံပစ်အား နွေရာသီအိုလံပစ်နှင့် ၂ နှစ်ခြား ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။

Remove ads

မှတ်သားရန်များ

ဒုတိယကမ္ဘာစစ်မတိုင်မီ နောက်ဆုံးကျင်းပခဲ့သော အိုလံပစ်ပွဲတော်မှာ ၁၉၃၆ခုနှစ်၊ ဂျာမနီနိုင်ငံဘာလင်မြို့ဟစ်တလာလက်ထက်တွင် အဆုံးသတ်ခဲ့သည်။ ၁၉၄ဝ နှင့် ၁၉၄၄ ခုနှစ်များတွင် အိုလံပစ်ပွဲတော် မကျင်းပဖြစ်ခဲ့ပေ။

မှတ်သားရန်များ၊ မြန်မာပါဝင်ပတ်သတ်မှု

၁၉၃၆ တွင်ကမ္ဘာ့အိုလံပစ်ကို မြန်မာနိုင်ငံက ဦးဇော်ဝိတ်သည် အလေးမကစားနည်းဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့သော်လည်း သူ့ကျွန်ဘဝကျရောက်နေခဲ့သောကြောင့် မြန်မာနိုင်ငံသားအဖြစ် ပါဝင်ခွင့်မရှိပဲ အိန္ဒိယနိုင်ငံသားအဖြစ်သာ ယှဉ်ပြိုင်ခဲ့ရသည်။ ၁၉၄၈ခုနှစ်၊ ဒုတိယကမ္ဘာစစ်အပြီး ၁၄ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်ကို အင်္ဂလန်တွင် ကျင်းပခဲ့သည်။ ထိုအချိန်မှသာ မြန်မာနိုင်ငံမှာ လွတ်လပ်သောပြည်ထောင်စုနိုင်ငံတော်အလံကို လွင့်ထူပြီး ကမ္ဘာ့အိုလံပစ်ပွဲတော်တွင် လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံအဖြစ် စတင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ ၁၉၄၈ခုနှစ်၊ ကမ္ဘာ့အိုလံပစ်ပွဲတော်တွင် ပထမဆုံးစတင်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာအားကစားသမား များမှာ စိန်ဖေ(ပြေးခုန်ပစ်၊ မီတာ၁ဝဝ)၊ မျိုးသန့်၊စောဟာဒီ (လက်ဝှေ့)၊ ဝင်းမောင်၊ကျော်ရင် (အလေးမ) တို့ဖြစ်သည်။ မျိုးသန့်(လက်ဝှေ့)သည် First Round တွင် ကနေဒါချန်ပီယံကို အနိုင်ရရှိခဲ့ပြီး ကမဘာ့အိုလံပစ်ပွဲတော်တွင် ပါဝင်ယှဉ်ပြိုင်သော မြန်မာနိုင်ငံသားတစ်ယောက်၏ ပထမဆုံးနိုင်ပွဲဖြစ်ခဲ့သော်လည်း Second Round တွင်ရှုံးနိမ့်ခဲ့သောကြောင့် ဆုမရရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ်အပြီးတွင် ကနေဒါနိုင်ငံ၊ မွန်ထရီရယ်အိုလံပစ် တစ်ကြိမ်မှလွဲပြီး မြန်မာနိုင်ငံက အိုလံပစ်ပွဲတော်များကို ပုံမှန်ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သည်။ အခြားမှတ်သားရန်မှာ အိုလံပစ်အမည်ကို ကျင်းပသောမြို့အမည်နှင့်သာတွဲခေါ်ပြီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲများ တွင်မူ ကျင်းပသောနိုင်ငံအမည်နှင့်တွဲခေါ်လေ့ရှိသည်။ ဥပမာ-မွန်ထရီရယ်အိုလံပစ်၊ Brazil World Cup

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads