အဘယသုတ်

From Wikipedia, the free encyclopedia

Remove ads

(၃)သုတ် ရှိပါသည်။

[] ဘုရားရှင် မဂဓနိုင်ငံ ရာဇဂြိုဟ်မြို့တော် ဂိဇ္ဈကုဋ်တောင်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် အဘယမင်းသားက “ပုရာဏကဿပဆရာကြီး၏ မသိ မမြင်မှု, သိမြင်မှုနှင့်ပတ်သက်သော နတ္ထိကဝါဒကိုလျှောက်ထားလာပါသည်။ အဘယ မင်းသား၏ မေးလျှောက်မှုနှင့်စပ်၍ ကာမ(စ္ဆန္ဒ) ရာဂ, ဗျာပါဒ, ထိန မိဒ္ဓ, ဥဒ္ဓစ္စကုက္ကုစ္စ ဝိစိကိစ္ဆာ-ဟူသော နီဝရဏတရားတစ်ပါးပါး ထကြွနှိပ်စက်သော စိတ်ဖြင့်နေလျှင် ဖြစ်ပေါ်လာသော ယင်းနီဝရဏတရားများ၏ ထွက်မြောက်ကြောင်းကို အမှန်အတိုင်း မသိမမြင်ခြင်းကြောင့် အညာဏ, အဒဿနတို့ဖြစ်ပုံ၊ ဝိဝေကနိဿိတ, ဝိရာဂနိဿိတ, နိရောဓနိဿိတ, ဝေါဿဂ္ဂပရိဏာမီဖြစ်သော ဗောဇ္ဈင် ၇-ပါးတို့ကို ပွားများသော စိတ်ဖြင့်နေခြင်းသည် ဉာဏ, ဒဿနအကြောင်းဖြစ်ပုံကို တစ်ပါးစီ တစ်ပါးစီ ဟောတော်မူသည့်သုတ်။

အဘယမင်းသားက “နီဝရဏတစ်ပါးပါးသည်ပင်လျှင် အညာဏ, အဒဿန ဖြစ်နိုင်ပုံ၊ ဗောဇ္ဈင်တစ်ပါးပါးသည်ပင်လျှင် ဉာဏ, ဒဿနဖြစ်နိုင်ပုံများကို လျှောက်ထားပြီး ဂိဇ္ဈကုဋ်တောင်ကို တက်လာရခြင်းကြောင့်ဖြစ်သော မိမိ၏ ကိုယ်ပင်ပန်း နွမ်းနယ်မှု စိတ်ပင်ပန်းနွမ်းနယ်မှုများ ငြိမ်းပျောက်သွားပုံ၊ တရားတော်ကို ထိုးထွင်း သိမြင်ပုံကို လျှောက်ထားသည့်သုတ်။

အဋ္ဌကထာ/ဋီကာတို့၌ -အရိယာမဂ်ဉာဏ်ကြောင့် ငြိမ်းပျောက်ပုံကို ဖွင့်ပြထားပါသည်။


[] ဇာဏုဿောဏိဗြာဟ္မဏကြီးက “သေခြင်းသဘောရှိသူဖြစ်လျှက် သေခြင်းမှ ကြောက်ရွံ့ ထိတ်လန့်ခြင်းသဘောမရှိသူနှင့် ထိတ်လန့်ခြင်းသဘောရှိသူ ရှိ၏” ဟု မိမိပြောဆိုယူဆပါကြောင်း ဘုရားရှင်အား လျှောက်ထားပါသည်။ ဘုရားရှင်က “(၁) ကာမဂုဏ်တို့၌ ရာဂ, ဆန္ဒ၊ ပေမ, ပိပါသ, ပရိဠာဟ, တဏှာမကင်းသေးသူ၊ (၂) ကိုယ်ခန္ဓာ၌ ရာဂစသည်မကင်းသေးသူ၊ (၃) ကောင်းမှု ကုသိုလ်မပြုသူ၊ (၄) (သာသန) သဒ္ဓမ္မ၌ ယုံမှားမှု ဝိစိကိစ္ဆာရှိသူလေးဦးသည် စိုးရိမ် ပင်ပန်း, ငိုကြွေး, ရင်ဘတ်စည်တီး, မြည်တမ်းရပုံ၊ ထွေထွေဝေဝေသေကြရပုံ၊ သေခြင်းသဘောရှိသော်လည်း သေခြင်းမှ ကြောက်ရွံ့ ထိတ်လန့်ပုံ၊ ယင်းပုဂ္ဂိုလ်လေးမျိုးမှ ပြောင်းပြန်ဖြစ်သော ပုဂ္ဂိုလ်လေးဦးတို့သည် စိုးရိမ်ခြင်းအစရှိသည်တို့ မဖြစ်တော့ပဲ မတွေမဝေသေကြရပုံ၊ သေခြင်းသဘောရှိသူဖြစ်သော်လည်း သေခြင်းမှ မကြောက်မရွံ့ မထိတ်လန့်ကြတော့ပုံကို တစ်ဦးစီ တစ်ဦးစီ ကဏှပက္ခ, သုက္ကပက္ခခွဲ၍ ဟောတော်မူပါသည်။ ဒေသနာတော်အဆုံး၌ ဇာဏုဿောဏိပုဏ္ဏားကြီး ဥပါသကာအဖြစ် ခံယူ လျှောက်ထားသွားပါသည်။


[] ကောသမ္ဗီမြို့ ဃောသိတာရုံကျောင်းတော်၌ အရှင်ကာဠုဒါယီမထေရ်၏ လျှောက်ထားချက်အရ လောကီသမာပတ် (၈)ပါးနှင့်တကွ အရဟတ္တဖိုလ်ရပြီးသူသည် ဘေးကင်းသူ ဘေးမရှိတော့သူဖြစ်ကြောင်း အရှင်အာနန္ဒာထေရ် ဟောတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads