အဘိသန္ဒသုတ်
From Wikipedia, the free encyclopedia
Remove ads
(၄)သုတ် ရှိပါသည်။
[၁] ရတနာမြတ်သုံးပါး၏ ဂုဏ်တော်များ၌ မတုန်မလှုပ် သက်ဝင်ယုံကြည်မှု၊ အရိယကန္တသီလနှင့် ပြည့်စုံမှုဟူသော အရိယာသာဝက၏ ချမ်းသာခြင်း၏ အကြောင်း ဖြစ်သော ကောင်းမှုအစု, ကုသိုလ်အယဉ်လေးပါးနှင့် ပြည့်စုံခြင်းကို မဟာသမုဒ္ဒရာ ရေပမာကဲ့သို့ အသင်္ချေယျ အပ္ပမေယျ မဟာပုညက္ခန္ဓဟု ရေတွက်ပြောဆိုရမည်-ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
[၂] ရတနာမြတ်သုံးပါးတို့၏ ဂုဏ်တော်များ၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုမှု၊ မုတ္တစာဂီ-ဟူသော အရိယာသာဝက၏ ချမ်းသာခြင်း၏အကြောင်းဖြစ်သော ကောင်းမှု အစု၊ ကုသိုလ်အယာဉ်လေးပါးနှင့် ပြည့်စုံခြင်းကို မြစ်ကြီးငါးစင်း၏ ရေပမာဏကဲ့သို့ အသင်္ချေယျ အပ္ပမေယျ မဟာပုညက္ခန္ဓဖြစ်သည်ဟု ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
[၃] ရတနာမြတ်သုံးပါး၏ ဂုဏ်တော်များ၌ မတုန်မလှုပ် သက်ဝင်ကြည်ညိုမှု၊ အရိယနိဗ္ဗေဓိကပညာနှင့် ပြည့်စုံမှုဟူသော အရိယာသာဝက၏ ချမ်းသာခြင်း၏ အကြောင်းဖြစ်သော ကောင်းမှုအစု၊ ကုသိုလ်အယဉ် ၄-ပါးကို အသင်္ချေယျ အပ္ပမေယျ မဟာပုညက္ခန္ဓေဟု ဆိုအပ်ပုံကို ရဟန်းတို့အား ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။
[၄] -ဤသုတ်၌ သရဏဂုမ်သုံးပါး ကိုးကွယ်သူနှင့် ငါးပါးသီလစောင့်ထိန်းသူတို့ ရရှိခံစားစေနိုင်သည့်အကျိုးများကို ဟောတော်မူသည့်သုတ်။ [၅]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads