အမိတာဘ
From Wikipedia, the free encyclopedia
Remove ads
အာမိတာဘ (သို့) အာမိတာယုသ (သင်္သကရိုက်: अमिताभ, အင်္ဂလိပ်: Amitābha) ဟု ဘွဲ့တော် ရှိသော ဘုရားကို မဟာယာန နှင့် ဝဇီရာယာန ဗုဒ္ဓဘာသာဂိုဏ်းများတွင် အဓိကကိုးကွယ်ကြသည်။ အမိတာဘ ဟူသော ဘွဲ့တော်မှာ အနန္တ ရောင်ခြည် ဟု အဓိပ္ပာယ်ရှိ၍ အမိတာယုသ ဟူသည်မှာ အနန္တ အသက်ရှည်ခြင်းဟု အဓိပ္ပာယ်ရသည်။ အမိတာဘ ဘုရားသည် မဟာယာနဂိုဏ်းခွဲတစ်ခုဖြစ်သည့် ဗုဒ္ဓခေတ္တရာဂိုဏ်းများ(Pureland buddhism) ၏ ပင်တိုင်ကိုးကွယ်သော ဘုရားလည်း ဖြစ်သည်။
Remove ads
ဖြစ်တော်စဉ်
သုခဝတီဝယူဟ သုတ်တော်အရ အမိတာဘဘုရား၏ ဖြစ်တော်စဉ်မှာ ဤသို့ဖြစ်သည်။
လွန်လေပြီးသော ကာလများစွာက တခြား စကြဝဠာတစ်ခုတွင် ဓမ္မကာရ အမည်ရှိ ဘုရင် တစ်ပါး ရှိလေသည်။ သူသည် ယင်းအချိန်က ပွင့်ထွန်းနေသော လောကေၐွရရာဇာ အမည်ရှိ ဘုရားရှင်ထံတွင် တရားတော်များ နာကြားပြီးနောက် ဘုရားဆု ပန်ခဲ့လေသည်။ ထီးနန်းကိုလည်း စွန့်လွှတ်၍ ပါရမီတော်များ ဖြည့်ကျင့်တော်မူခဲ့သည်။ သူသည် ဘဝပေါင်း များစွာ ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ကာ ပါရမီတော်တို့ကို ဖြည့်ဆည်းပြီးနောက်တွင် အမိတာဘ အမည်ဖြင့် ဘုရားဖြစ်လာခဲ့လေသည်။
ဘုရားဖြစ်ပြီးသည့်နောက်တွင် သုခဝတီ ဟူသော ဘုံတစ်ခုကို ဖန်ဆင်း၍ စံပါယ်တော်မူနေသည်။ သုခဝတီ ဟူသည်မှာ သုခချမ်းသာအပေါင်းနှင့် ပြည့်စုံသောဘုံဟု အဓိပ္ပာယ်ရသည်။ မဟာယာန အယူအဆများအရ အမိတာဘ ဘုရားရှိရာ သုခဝတီဘုံသည် ဤစကြဝဠာမှ အနောက်ဖက် စူးစူးတွင် သီးခြား တည်ရှိနေသည်။ အမိတာဘ ဘုရား၏ အမည်ကို တမ်းတရွတ်ဆိုသူ ဟူသမျှတို့သည် သေလွန်သောအခါ သုခဝတီဘုံ၌ ဝင်စားကြလိမ့်မည်။ အမိတာဘ ဘုရားရှေ့တွင် တရားတော်များ နာကြားကာ နိဗ္ဗာန်သို့ မျက်မှောက် ပြုနိုင်မည် ဟုဆိုသည်။
Remove ads
ပုံဖော်ခြင်း

အမိတာဘ ဘုရားကို ပုံဖော်ရေးဆွဲရာတွင် နီမြန်းသော အသားအရောင်ဖြင့် ရေးဆွဲကြသည်။ အမိတာဘ ဘုရားကို အများအားဖြင့် တရားထိုင်နေဟန် သမာဓိ မုဒြာဖြင့် ပုံဖော်ထားကြသည်။ လက်ယာဘက်တွင် အဝလောကိတေသွရ ဘုရားလောင်း၊ လက်ဝဲဘက် တွင် မဟာသထာမပြာပတ ဘုရားလောင်းတို့ဖြင့် တွဲ၍လည်း သုံးဆူတွဲ ထုလုပ်ကိုးကွယ်ကြသည်။
အခေါ်အဝေါ်
အမိတာဘ ဘုရားကို ဘာသာများစွာဖြင့် အောက်ပါအတိုင်း ရေးသား ခေါ်ဆိုကြသည်။
- သက္ကတ (သင်္သကရိုက်) - अमिताभ (Amitābha)
- တရုတ် - 阿弥陀佛 (Āmítuófó)
- ဂျပန် - 阿弥陀仏 (Amida Butsu)
- ကိုရီးယား - 아미타불 (Amita Bul)
- မွန်ဂိုလီးယား - Цаглашгүй гэрэлт
- တိဘက် - འོད་དཔག་མེད་ (Öpakmé)
- ဗီယက်နမ် - A Di Đà Phật
မန္တာန်များ
အမိတာဘ ဘုရားကို ပူဇော်သော မန္တရားများမှာ-
သင်္သကရိုက်ဘာသာပုံစံအားဖြင့် - (ॐ अमिताभ ह्रीः (ဒေဝနာဂရီဘာသာစကား : oṃ amitābha hrīḥ (ဥုံ အမိတာဘ ဟရီး))) ဖြစ်သည်။
တိဗက်မူအားဖြင့် 'ဥုံ အမိဒေဝ ဟရီး' ဟုအသံထွက်ကာ [[သက္ကတ (သင်္သကရိုက်) မူဖြင့်(သင်္သကရိုက် : oṃ amideva hrīḥ ( ဥုံ အမိဒေဗ ဟရီး)) ဖြစ်သည်။
ရှင်ကုန်းဗုဒ္ဓဘာသာ မန္တာန်ပုံစံမှာ oṃ amṛta-teje hara hūṃ (ဥုံ အမိရိတ တေးဇေး ဟရ တေဇေ ဟရ ဟူးန်) ဖြစ်၍ ဂျပန်ဘာသာဖြင့် 'オン・アミリタ・テイゼイ・カラ・ウン' ဖြစ်သည်။
Remove ads
ယေဘုယျကိုးကားများ
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads