အမျိုးသားဇာတ်ရုံ (ရန်ကုန်)
From Wikipedia, the free encyclopedia
Remove ads
အမျိုးသားဇာတ်ရုံသည် ရန်ကုန်မြို့တွင် တည်ရှိပြီး မြန်မာနိုင်ငံရှိ အမျိုးသားဇာတ်ရုံတစ်ခုဖြစ်သည်။ အဆိုပါဇာတ်ရုံတွင် အခြားသောနိုင်ငံများနှင့် ယဉ်ကျေးမှုနှီးနှောဖလှယ်ပွဲများ၊ အစိုးရဌာနများ၏ အလုပ်ရုံဆွေးနွေးပွဲများ၊ ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ ဆုချီးမြှင့်ပွဲအခမ်းအနားများ၊ အနုပညာလက်ရာပြပွဲ၊ပြိုင်ပွဲများ၊ တေးဂီတဖျော်ဖြေပွဲများ ကျင်းပ ပြုလုပ်လေ့ရှိသည်။ [၁]
Remove ads
သမိုင်း
အမျိုးသားဇာတ်ရုံကို တရုတ်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ခဲ့ပြီး တည်ဆောက်ခြင်းလုပ်ငန်းများကို ၃ ရက် ဇွန်လ ၁၉၈၇ ခုနှစ်တွင် စတင်ခဲ့ပြီး ၃၀ ရက် ဇန်နဝါရီ ၁၉၉၁ ခုနှစ်တွင် အပြီးသတ်ခဲ့သည်။ စုစုပေါင်းကုန်ကျငွေ ၂၁၅.၄၇ မီလီယံကျပ်ငွေဖြစ်ပြီး တရုတ်အစိုးရမှ ၁၅၀ မီလီယံကျပ်ငွေ အကူအညီပေးခဲ့သဖြင့် မြန်မာအစိုးရမှ ကျန်ငွေသာ ကုန်ကျခဲ့သည်။ [၂]
ဓာတ်ပုံများ
- အမျိုးသားဇာတ်ရုံ (ရန်ကုန်) ကပွဲခန်းမ
- စင်မြင့်မှ မြင်ရသော အမျိုးသားဇာတ်ရုံ (ရန်ကုန်) ကပွဲခန်းမ
- စင်မြင့်မှ မြင်ရသော အမျိုးသားဇာတ်ရုံ (ရန်ကုန်) ကပွဲခန်းမ
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads