အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ

From Wikipedia, the free encyclopedia

Remove ads

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (အင်္ဂလိပ်: National Unity Consultative Council, NUCC) ကို ၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ [] မတ်လ ၃၁ ရက်နေ့တွင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည်ပြုခဲ့ပြီး မေလ ၂၄ ရက်နေ့မှစ၍ ယင်းပဋိညာဉ်ကို ပြန်လည်သုံးသပ်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့မှ ၂၉ ရက်နေ့အထိ ပြည်သူ့ညီလာခံကျင်းပ၍ သုံးသပ်ထားသော ပဋိညာဉ်ကို အတည်ပြုခဲ့သည်။

ပါဝင်ဖွဲ့စည်းမှု

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီတွင် အောက်ပါအဖွဲ့အစည်းများနှင့် ပုဂ္ဂိုလ်များ ပါဝင်သည်-

  • ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) အပါအဝင် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ
  • နိုင်ငံရေးပါတီများ
  • ဖက်ဒရယ်ယူနစ်များ၊ လူမျိုးအလိုက်အတိုင်ပင်ခံကောင်စီများ
  • တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (KNU, KNPP, ABSDF အပါအဝင် ရှစ်ဖွဲ့)
  • သပိတ်ကော်မတီများ
  • CDM လှုပ်ရှားမှုတွင် ပါဝင်သူများ
  • အရပ်ဘက်အဖွဲ့အစည်းများ (အမျိုးသမီး၊ လူငယ်အဖွဲ့အစည်းများ)

NUCC တွင် စုစုပေါင်း အဖွဲ့အစည်းပေါင်း ၃၃ ဖွဲ့မှ လူပုဂ္ဂိုလ်များ ပါဝင်သည်။

Remove ads

အဖွဲ့ဝင်များ

၂၀၂၅ ခုနှစ်၊ မေ ၄ ရက်တွင် ထုတ်ပြန်ကြေညာထားသော အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင် အဖွဲ့အစည်းများနှင့် ကောင်စီဝင် ကိုယ်စားလှယ်များ အမည်စာရင်းများမှာ[] -

နောက်ထပ် အချက်အလက်များ စဉ်, အစုအဖွဲ့ ...
Remove ads

အဓိက ဖြစ်ရပ်များ

၂၀၂၅ ခုနှစ်၊ ဩဂုတ် (၂၂) ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီက အာဏာရှင်စနစ်ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၏ နိုင်ငံရေး ရပ်တည်ချက် (၁၀) ချက်နှင့် အခြေခံမူ (၈) ချက်ကို ထုတ်ပြန်ခဲ့သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads