အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်
မြန်မာနိုင်ငံ လက်နက်ကိုင် တပ်ဖွဲ့ From Wikipedia, the free encyclopedia
Remove ads
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (အင်္ဂလိပ်: National Democratic Alliance Army; အတိုကောက် NDAA),[၁] သည် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် - ရှမ်းပြည် အရှေ့ပိုင်း (National Democratic Alliance Army-Eastern Shan State (NDAA-ESS))၊ (ရှမ်းပြည်အရှေ့ပိုင်း တပ်မတော်)[၂] ဟူ၍လည်း ခေါ်သည်။ ရှမ်းအထူးဒေသ ၄ ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားဒေသတွင် အခြေစိုက်သည်။[၃]
Remove ads
သမိုင်းကြောင်း
အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA-ESS) သည် ယခင် ဗမာပြည် ကွန်မြူနစ်ပါတီ၏ အမှတ် (၈၁၅) စစ်ဒေသအဖြစ်မှ ၁၉၈၉ ခုနှစ်၊ ဇွန် (၃ဝ) ရက်နေ့တွင် ဦးစိုင်းလင်း ဦးဆောင်သည့်အခါ တိုင်းရင်းသားများပါဝင်သည့် တပ်ဖွဲ့ဝင်များက ခွဲထွက်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ ဇွန် (၃ဝ) ရက်နေ့အား တပ်ဖွဲ့ထူထောင်ခြင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ်မွေးနေ့အဖြစ် သတ်မှတ်ကာ နှစ်စဉ် ကျင်းပသည်။
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads