အယ်လ်ကိုဟော သာမိုမီတာ
ပြဒါးအပူချိန်တိုင်းကိရိယာ အစားထိုး ပုံစံတူ From Wikipedia, the free encyclopedia
Remove ads
အယ်လ်ကိုဟော (သို့) အရက်ပြန် သာမိုမီတာ (အင်္ဂလိပ်: alcohol or spirit thermometer) သည် ပြဒါး သာမိုမီတာ၏ ပုံစံတူ အပူချိန်တိုင်း ကိရိယာဖြစ်ပြီး တူညီသောလုပ်ဆောင်မှုများကို ဆောင်ရွက်နိုင်သည်။ ပြဒါး သာမိုမီတာနှင့်မတူဘဲ အယ်လ်ကိုဟော သာမိုမီတာရှိ ပါဝင်ပစ္စည်းသည် အဆိပ်သင့်နိုင်မှု ပို၍နည်းပါးပြီး အငွေ့လည်းပြန်လွယ်သည်။ အက်သနော (ethnol) ဟုခေါ်ဆိုသော အရက်ပြန်တစ်မျိုးဖြင့် တည်ဆောက်ထားသောပုံစံသည် စရိတ်စကနည်း၍ ကျိုးပျက်သွားပါကလည်း ပါဝင်သော အရည်၏ ဖြစ်စေသောအန္တရာယ် နည်းပါးသောကြောင့် အသုံးအများဆုံးဖြစ်သည်။

အော်ဂန်းနစ်အရည်တစ်မျိုး ဖန်လုံးတွင်ပါဝင်ကာ ထိုဖန်လုံးကို အလွန်ကျဉ်းသည့်ဖန်ပြွန်နှင့် ဆက်သွယ်ထား၍ အဆုံးတစ်ဖက်တွင် ပြန့်ကားဖန်လုံးတစ်ခုဖြင့် ပိတ်ကာထားသည်။ အရည်၏ အပေါ်ဘက်တွင် နိုက်ထရိုဂျင်နှင့် အရည်၏ ခိုးငွေ့ ပါရှိသည်။ အလုပ်လုပ်နိုင်သော အပူချိန်နယ်ပယ်အတွင်း အရည်တို့၏မျက်နှာပြင် ကွေးနိုင်သည့် သဘောသဘာဝ (meniscus) သည် ဖော်ပြပါ အလွန်ကျဉ်းမြောင်းသည့် ဖန်ပြွန်အတွင်း၌ဖြစ်ပွားသည်။ အပူချိန်တက်လာသောအခါ အရည်၏ထုထည်မှာ ကျယ်ပြန့်လာကာ ထိုမျက်နှာပြင် ကွေးညွတ်မှုသည် ဖန်ပြွန်ကျဉ်းတစ်လျှောက် အပေါ်သို့တက်လာသည်။ အရည်မျက်နှာပြင်ကွေးသည့် နေရာသည် ဖန်ပြွန်ဘေး ရေးမှတ်ထားသော အပူချိန်များကို ပြသ၏။ အသုံးပြုနိုင်သော အရည်မှာ ထုတ်လုပ်သူနှင့် အလုပ်လုပ်ပေးနိုင်သော အပူချိန်ပေါ်မူတည်၍ သန့်စင်သော အက်သနောလ်၊ တောလ်ယုအင်း (toluene) ၊ ရေနံဆီ ၊ အိုင်စိုအေးမိုင်းလ် အစစ်တိတ် (isoamyl acetate) များကို သုံးနိုင်သည်။[၁] ဤအရည်များသည် အရည်ကြည်(အလင်းပေါက်) များဖြစ်သောကြောင့် အနီ (သို့) အပြာ ဆိုးဆေးထည့်ပါက အရည်ကို ပို၍မြင်သာအောင် ဖန်တီးနိုင်သည်။ အဝကျဉ်းပြွန်ပါဝင်သော ကိရိယာ၏ တစ်ဝက်ကို အဝါ (သို့) အဖြူရောင်ဖြင့် ကြွေဆေးသုတ်လိမ်းထားသဖြင့် အပူချိန်ကို နောက်ခံအရောင်တစ်ခု၌ ဖတ်ရှုရခြင်းမျိုးဖြစ်သည်။
ဤအပူချိန်တိုင်းကိရိယာ၏ အသုံးဝင်နိုင်မှုနယ်ပယ်ကို အသုံးပြုထားသော အရည်၏ ဆူမှတ်က သတ်မှတ်ပေးသည်။ အက်သနော်လ်ဖြည့် သာမိုမီတာများတွင် အမြင့်ဆုံးတိုင်းတာနိုင်မှုမှာ ၇၈ °C (၁၇၂.၄ °F) ဖြစ်၍ နေ့အပူချိန်၊ ညအပူချိန်၊ ခန္ဓာကိုယ်အပူချိန်များကို တိုင်းတာရာ၌ အသုံးဝင်သည်။ အရမ်းပူသော အရာများကို တိုင်းတာရန် အသုံးမပြုနိုင်ပေ။
အက်သနောလ် သာမိုမီတာများကို အနည်းဆုံးအပူချိန် မိုးလေဝသတိုင်းတာမှုများအတွက် ပြဒါး သာမိုမီတာထက်ပို၍ သုံးကြရာ တိုင်တာနိုင်သော အနိမ့်ဆုံးအပူချိန်မှာ -၇၀ °C (−၉၄ °F) အထိဖြစ်သည်။[၂] သာမိုမီတာတစ်ခု၏ အနိမ့်ဆုံးအပူချိန်ကို တိုင်းတာနိုင်မှု ရုပ်ပိုင်းဆိုင်ရာ ကန့်သန်ချက်မှာ ထိုကိရိယာ၌ သုံးသော အရည်၏ ရေခဲမှတ်ဖြစ်သည်။ အက်သနောလ်သည် -၁၁၄.၉ °C (-၁၇၄.၈၂ °F) တွင် ခဲ၏။ အယ်လ်ကိုဟော သာမိုမီတာသည် အက်သိုင်းလ် (အီးသိုင်းလ်) ၊ တောလ်ယုအင်း နှင့် ပန်းတိုင်း ပေါင်းစပ်ရောနှောရည်ကို အသုံးပြုလျှင် အနိမ့်ဆုံးအပူချိန်ကို တိုင်းတာနိုင်မှုမှာ -၂၀၀ °C (-၃၂၈ °F) အထိဖြစ်သည်။[၃] သို့သော်လည်း - ၂၀၀ °C မှ ၇၈ °C အထိ တိုင်းတာနိုင်သည့်နယ်ပယ်ရရန်မှာ အသုံးပြုသော အယ်လ်ကိုဟော အမျိုးအစားပေါ်တွင်မူတည်သည်။
Remove ads
သမိုင်း
အယ်လ်ကိုဟော သာမိုမီတာများသည် အစောဆုံးအဖြ စွမ်းရည်ထက်မြက်ကာ ခေတ်အဆန်ဆုံး အပူချိန်တိုင်းကိရိယာတစ်ခု ဖြစ်ခဲ့သည်။ တီထွင်အကျိုးပြုသော ပုဂ္ဂိုလ်များ၌ ဖယ်ဒီနန်းဒို ၂ ဒဲ မက်ဒီချီ (Ferdinando II de' Medici) ပါဝင်ပြီး ၎င်းသည် ၁၆၅၄ တွင် လေထုဖိအားကင်းလွတ်သော၊ အရည်၏ ပြန့်ကားနိုင်မှုကို အခြေခံကာ ဖန်လုံး၊ ပြွန်ချောင်းနှင့်အတူ အစွန်းပိတ်ဖန်ပြွန်ဖုကို တစ်ပိုင်းတစ်စအားဖြင့် အယ်လ်ကိုဟော (သို့) ဆီး ဖြင့် ဖြည့်သွင်းခဲ့သည်။[၄] ဘရစ်တနီကာကဲ့သို့ စွယ်စုံကျမ်းအချို့တွင် အယ်လ်ကိုဟော သာမိုမီတာတီထွင်သူမှာ ဒန်ညယ် ဂါဘရီး ဖားရင်ဟိုက် (၁၇၀၉) ဟုဆိုကြသည်။[၅] ဖားရင်ဟိုက်သည် ကျွမ်းကျင်သော ဖန်မှုတ်သူတစ်ဦးဖြစ်၍ ၎င်း၏ အယ်လ်ကိုဟော သာမိုမီတာမှာ ကမ္ဘာ့ပထမဆုံး ယုံကြည်စိတ်ချရသော အပူချိန်တိုင်းကိရိယာဖြစ်ခဲ့သည်။[၆]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads