အရဟန္တသုတ်
From Wikipedia, the free encyclopedia
Remove ads
(၁၀)သုတ် ရှိပါသည်။
[၁] ရဟန္တာပုဂ္ဂိုလ်သည် “ငါပြောဆို၏-ဟု လည်းကောင်း၊ ငါ့ကို သူတပါးတို့က ပြောဆိုကုန်၏-ဟု လည်းကောင်း” ပြောဆိုပါသေးသလော-ဟု အညတရနတ်သားက မေးလျှောက်သဖြင့် “လောကဝယ် ခန္ဓာအစရှိသည်တို့၌ လိမ်မာကျွမ်းကျင်သော ထိုရဟန်းသည် ခေါ်ဝေါ်အပ်သော အမည်သညာကို သိ၍ ခေါ်ဝေါ်ပြောဆိုရုံမျှဖြင့် ခေါ်ဝေါ်ပြောဆိုရာ၏၊ မာန၏အစွမ်းအားဖြင့် ပြောဆိုသူမဟုတ်ကြောင်း” ဘုရားရှင် ဖြေကြားတော်မူသည့်သုတ်။
[၂] ခန္ဓာငါးပါးတို့ကို တစ်ပါးစီ တစ်ပါးစီ အနတ္တလက္ခဏသုတ် ဒေသနာတော် အတိုင်း ဟောတော်မူပြီး ရဟန္တာပုဂ္ဂိုလ်၏ သဘာဝကို ၈-ဂါထာတို့ဖြင့် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ -ရဟန္တာပုဂ္ဂိုလ်တို့၏ သီဟနာဒ ၆-မျိုးကို ပြဆိုထားပါသည်။ ။
[၃] အထက်သုတ်အတိုင်း ဂါထာမဖက် စုဏ္ဏိယသက်သက်ကိုသာ ဟောတော်မူသည့်သုတ်။
[၄] ဥပါဒါနက္ခန္ဓာငါးပါးတို့၏ သမုဒယ, အတ္ထင်္ဂမ, အဿဒ, အာဒီနဝ, နိဿရဏကို မှန်ကန်စွာ သိသည်ရှိသော် ဥပါဒါန်တို့ဖြင့် တစ်စုံတစ်ခုသောအာရုံကို မစွဲလမ်း တော့ဘဲ ကိလေသာတို့မှ လွတ်မြောက်ပြီးသော ရဟန္တာပုဂ္ဂိုလ်ဟု ခေါ်ဆိုနိုင်ပုံကို ဟောတော်မူသည့်သုတ်။
[၅] အထက်သုတ်အတိုင်း အရှင်ရာမထေရ်အား ဟောတော်မူသည့်သုတ်။
[၆] သဒ္ဓိန္ဒြေ၊ ဝီရိယိန္ဒြေ၊ သတိန္ဒြေ၊ သမာဓိန္ဒြေ၊ ပညိန္ဒြေတို့၌ အဿာဒ, အာဒီနဝ, နိဿရဏတို့ကို မှန်ကန်စွာ သိမြင်၍ အနုပါဒဝိမုတ္တဖြစ်သော အရိယာသာဝက၏ ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။
[၇] စက္ခုန္ဒြေ၊ သောတိန္ဒြေ၊ ဃာနိန္ဒြေ၊ ဇိဝိန္ဒြေ၊ ကာယိန္ဒြေ၊ မနိန္ဒြေ ဟူသော ဣန္ဒြေ ၆-ပါးတို့၏ အဿာဒ, အာဒီနဝ, နိဿရဏတို့ကို မှန်ကန်စွာ သိ၍ အနုပါဒါဝိမုတ္တ ဖြစ်သော ရဟန်း၏ ရဟန္တာဖြစ်ပုံကို ဟောတော်မူသည့်သုတ်။
[၈] ဣန္ဒြေ ၆-ပါးတရားတို့၏ သမုဒယ, အတ္ထင်္ဂမ, အဿာဒ, အာဒီနဝ, နိဿရဏကို ယထာဘူတသိသည်ရှိသော် အနုပါဒါဝိမုတ္တဖြစ်သည်။ ဤအနုပါဒါဝိမုတ္တရဟန်းကို ရဟန္တာပုဂ္ဂိုလ်ဟု ခေါ်ဆိုရပုံနှင့် ရဟန္တာပုဂ္ဂိုလ်၏ ဂုဏ်ပုဒ်များကို ရဟန်းတို့အား ဘုရားရှင် ဟောတော်မူသည့်သုတ်။
[၉] သုခိန္ဒြေ၊ ဒုက္ခိန္ဒြေြေ၊ သောမနဿိန္ဒြေ၊ ဒေါမနဿိန္ဒြေ၊ ဥပေက္ခိန္ဒြေတို့ကို အထက် သုတ်များအတိုင်း ဟောတော်မူသည့်သုတ်။
[၁၀] ပွင့်တော်မူပြီးသော အတိတ်ကာလက ဘုရားရှင်များ၊ ပွင့်တော်မူလတ္တံ့ အနာဂတ်ကာလ ဘုရားရှင်များ၊ ပွင့်တော်မူဆဲ ဘုရားရှင်များသည် သစ္စာ ၄-ပါးကို အမှန် အတိုင်း ထိုးထွင်း၍ သိတော်မူပြီး၊ သိတော်မူလတ္တံ့၊ သိတော်မူကြကုန်၏၊ ထို့ကြောင့် သင်ချစ်သားတို့သည်လည်း သစ္စာ ၄-ပါးကို တစ်ပါးစီ တစ်ပါးစီသိအောင် အားထုတ် ကြရမည်ဟု ဟောတော်မူသည့်သုတ်။ [၁၁]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads