အရဟာသုတ်

From Wikipedia, the free encyclopedia

Remove ads

[] သက္ကာယဒိဋ္ဌိ၊ ဝိစိကိစ္ဆာ၊ သီလဗ္ဗတပရာမာသ၊ ရာဂ၊ ဒေါသ၊ မောဟ၊ မာနဟူသော တရား ၇-ပါးတို့မှ ဝေးကွာသောကြောင့် “အရဟာ” မည်၏ဟု ဟောတော်မူသည့်သုတ်။ []


အရဟာသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် တရားခုနစ်မျိုးမှ ဝေးကွာသည်၏ အဖြစ်ကြောင့် အရဟာမည်ပုံကို ဟောကြားတော်မူခဲ့သည်။[]

အရဟာသုတ်

ရဟန်းတို့ တရားခုနစ်မျိုးတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့် အရဟာ မည်၏။ အဘယ်ခုနစ်မျိုးတို့နည်း ဟူမူ - []

  • ထင်ရှားရှိသော ခန္ဓာငါးပါး၌ အမြင်မှားမှု ‘သက္ကာယဒိဋ္ဌိ’ မှ ဝေးကွာ၏။
  • မဝေခွဲနိုင်မှု ‘ဝိစိကိစ္ဆာ’ မှ ဝေးကွာ၏။
  • ခွေး နွား စသည်တို့၏ အလေ့အကျင့်ကို အမှန်ဟု မှားသောအားဖြင့် သုံးသပ်မှု ‘သီလဗ္ဗတပရာမာသ” မှ ဝေးကွာ၏။
  • စွဲမက်မှု ‘ရာဂ’ မှ ဝေးကွာ၏။
  • အမျက်ထွက်မှု ‘ဒေါသ’ မှ ဝေးကွာ၏။
  • တွေဝေမှု ‘မောဟ’ မှ ဝေးကွာ၏။
  • ထောင်လွှာမှု ‘မာန’ မှ ဝေးကွာ၏။ []

ရဟန်းတို့ ဤတရားခုနစ်မျိုးတို့မှ ဝေးကွာသည်၏ အဖြစ်ကြောင့် အရဟာ မည်၏ ဟု(မိန့်တော်မူ၏)။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads