အရိဋ္ဌသိက္ခာပုဒ်

From Wikipedia, the free encyclopedia

အရိဋ္ဌသိက္ခာပုဒ်
Remove ads

အမှု—မိစ္ဆာအယူကို ယူမှု။

အမှုသည်—အရိဋ္ဌရဟန်း၊


အရိဋ္ဌရဟန်း၏ မိစ္ဆာအယူ

အရိဋ္ဌမည်သော ရဟန်း၏အမျိုး၌ ရှေးက လင်းတတို့ကို သတ်ဖြတ်ခဲ့ကြကုန်၏၊ ထို့ကြောင့် “ဂဒ္ဓါဓိပုဗ္ဗ = လင်းတကိုသတ်သော ပုဗ္ဗပုရိသရှိသူ”ဟု ထင်ရှားသော ထိုအရိဋ္ဌရဟန်းမှာ မိစ္ဆာအယူတမျိုး ဖြစ်နေ၏၊ သူသည် သုတ္တန်ဘက်၌ ကျွမ်းကျင်သော ဓမ္မကထိကပုဂ္ဂိုလ်တည်း၊ ဝိနည်း၌ကား မကျွမ်းကျင်ရှာချေ၊ ထို့ကြောင့် တနေ့သ၌ ဆိတ်ငြိမ်ရာ အရပ်ဝယ် တယောက်ထည်း စဉ်းစားမိသည်မှာ—[]

“လူဝတ်ကြောင်တို့သည် အိမ်ထောင်ပြုလျက် ကာမဂုဏ်ကို ခံစားကာ သောတာပန် သကဒါဂါမ်များ ဖြစ်နေကြ၏၊ (ကာမဂုဏ် မခံစားလျှင်) လူဝတ်ကြောင် အနာဂါမ်လည်းရှိ၏၊ ရဟန်းများလည်း နူးညံ့သော ပိုး ဖဲ ကတ္တီပါစသည်တို့ကို သုံးစွဲနိုင်ကြ၏၊ ထိုအလုံးစုံကို သုံးစွဲကောင်းလျှင် မိန်းမနှင့်ဆိုင်သော အဆင်းအသံ အနံ့အရသာ အတွေ့အထိလည်း သုံးဆောင်ကောင်းစရာရှိသည်၊ ဤသို့ စဉ်းစားရုံတွင် မကဘဲ သူ အယူဝါဒကို စပ်မိစပ်ရာ ပြောပြသည်မှာ—

“မြတ်စွာဘုရားသည် မေထုန် အကျင့်တို့ကို (ရဟန်းများ ပြုကျင့်လျှင်) လူ့ပြည်နတ်ပြည်နှင့် ဈာန်မဂ်ဖိုလ်၏ အန္တရာယ်ဖြစ်၏ မေထုန်မှီဝဲသော ရဟန်းသည် သေလျှင် လူ-နတ် မဖြစ်နိုင်, ဤဘဝ၌လည်း ဈာန်မဂ်ဖိုလ်ကို မရနိုင်, ဧကန်မုချ အပါယ်ကျလိမ့်မည်”ဟု ဟောတော်မူထား၏၊ (အလွန်အမင်း တပ်မက်ခြင်း မရှိသော) အကြင်နည်းဖြင့် မှီဝဲလျှင် အန္တရာယ်မဖြစ်နိုင်၊ ထိုအန္တရာယ် မဖြစ်နိုင်သော အခြင်းအရာ နည်းလမ်းဖြင့် ဘုရားဟောထားသော တရားကို ငါနားလည်ပါသည်”။

ဤသို့ စပ်မိစပ်ရာ ပြောပြသည်ကို ကြားကုန်သော ရဟန်းတို့က—

“ငါ့ရှင်...ဒီလိုမပြောပါနှင့်, ဘုရားကို(မဟောဘဲနှင့် ဟောတယ် ဟုပြောပြီး) မစွပ်စွဲပါနှင့်၊ ဘုရားကိုစွပ်စွဲခြင်းသည် မကောင်းပါ၊ မြတ်စွာဘုရားသည် (သင်ပြောသလို ရဟန်းများ မေထုန် မှီဝဲလို့ အန္တရာယ်မဖြစ်ဘူးဟု) မဟောပါ၊ အန္တရာယ်ပြုတတ်သော မေထုန် အမှုတို့ကို ပရိယာယ် အမျိုးမျိုးဖြင့် အန္တ ရာယ် ပြုတတ်သည်ဟုပင် ဟောထားပါသည်၊ ထိုမေထုန်တို့ကို မှီဝဲသောရဟန်းမှာ (ထိုမေထုန် အကျင့်တို့က) အန္တရာယ်ပြုတတ်ကြပါသည်”။

ဤသို့ ရဟန်းများက ပြောဆိုတားမြစ်ကြသော်လည်း မရဘဲ သူ့အယူဝါဒကို ချီမြှောက်မြဲ ချီမြှောက် (ဝါဒဖြန့်မြဲဖြန့်)နေလေရာ, ထိုအကြောင်းကို ဘုရားထံ လျှောက်ကြသဖြင့်, ခေါ်တော်မူ၍ စစ်ဆေးမေးမြန်းသည့်အခါ ထိုကဲ့သို့ ဟောထားသော တရားတော်မရှိဘဲ သူ့အထင်မျှသာ ဖြစ်သောကြောင့် အရိဋ္ဌကို ကဲ့ရဲ့ပြစ်တင်တော်မူကာ ဤသိက္ခာပုဒ်ကို ပညတ်တော် မူရလေသည်။[]

Remove ads

သိက္ခာပုဒ်

ယော ပန ဘိက္ခု ဧဝံ ဝဒေယျ ‘‘တထာဟံ ဘဂဝတာ ဓမ္မံ ဒေသိတံ အာဇာနာမိ, ယထာ ယေမေ အန္တရာယိကာ ဓမ္မာ ဝုတ္တာ ဘဂဝတာ, တေ ပဋိသေဝတော နာလံ အန္တရာယာယာ”တိ, သော ဘိက္ခု ဘိက္ခူဟိ ဧဝမဿ ဝစနီယော ‘‘မာယသ္မာ ဧဝံ အဝစ, မာ ဘဂဝန္တံ အဗ္ဘာစိက္ခိ, န ဟိ သာဓု ဘဂဝတော အဗ္ဘက္ခာနံ, န ဟိ ဘဂဝါ ဧဝံ ဝဒေယျ, အနေကပရိယာယေနာဝုသော အန္တရာယိကာ ဓမ္မာ အန္တရာယိကာ ဝုတ္တာ ဘဂဝတာ, အလဉ္စ ပန တေ ပဋိသေဝတော အန္တရာယာယာ”တိ။ ဧဝဉ္စ သော ဘိက္ခု ဘိက္ခူဟိ ဝုစ္စမာနော တထေဝ ပဂ္ဂဏှေယျ, သော ဘိက္ခု ဘိက္ခူဟိ ယာဝတတိယံ သမနုဘာသိတဗ္ဗော တဿ ပဋိနိဿဂ္ဂါယ။ ယာဝတတိယဉ္စေ သမနုဘာသိယမာနော တံ ပဋိနိဿဇ္ဇေယျ, ဣစ္စေတံ ကုသလံ။ နော စေ ပဋိနိဿဇ္ဇေယျ, ပါစိတ္တိယံ။[]

Remove ads

သိက္ခာပုဒ် မြန်မာပြန်မှာ

ဝတ္ထုကြောင်းအတိုင်း သိသာပြီ၊ ထိုဝတ္ထုကြောင်းအတိုင်း သူ့ဝါဒကိုချီးမြှောက် (ဝါဒဖြန့်) နေသော ရဟန်းကို ဉတ်ကမ္မဝါစာဖြင့် ၃-ကြိမ်ဆုံးမရမည်၊ ၃-ကြိမ် မစေ့ခင် ထိုအယူကိုစွန့်လျှင် ဒုက္ကဋ်အာပတ်လောက်သာ သင့်၏။ ၃-ကြိမ် စေ့၍မျှ မစွန့်လျှင်ကား ပါစိတ်အာပတ်သင့်သည်။ []

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads