အရိယာဝါသသုတ်

From Wikipedia, the free encyclopedia

Remove ads

(၂)သုတ် ရှိပါသည်။

[] အရိယာဝါသ တရားဆယ်ပါး ခေါင်းစဉ်ကို ဟောတော်မူသည့်သုတ်။


[] အထက်သုတ်ပါ အရိယာဝါသ တရားဆယ်ပါးကို တစ်ပါးစီ တစ်ပါးစီ အကျယ် ဝေဖန်၍ ဟောကြားတော်မူသည့်သုတ်။

ဤသုတ်တော်ကို ကုရုနိုင်ငံ ကမ္မာသဒမ္မ နိဂုံး၌ ဟောကြားတော်မူပါသည်။

အဋ္ဌကထာ၌ -ကုရုနိုင်ငံသား ရဟန်းတော်များအား မဟာနိဒါနသုတ် အစရှိသော နက်နဲသောသုတ်တော်များ ဟောတော်မူပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။ ။

ဋီကာ၌ -ကုရုနိုင်ငံသားများနှင့် ကုရုနိုင်ငံ၏ ရေမြေအကြောင်း၊ သတိပဋ္ဌာန် တရားတော်နှင့် ကုရုနိုင်ငံသားများ၊ ဗုဒ္ဓရက္ခိတကျေးသားဝတ္ထု၊ ဒီဃနိကာယ်၌ မဟာ နိဒါနသုတ်နှင့် မဟာသတိပဋ္ဌာနသုတ်တော်၊ မဇ္ဈိမနိကာယ်၌ သတိပဋ္ဌာနသုတ်၊ သာရောပမသုတ်၊ ရုက္ခောပမသုတ်၊ ရဋ္ဌပါလသုတ်၊ မာဂဏ္ဍိယသုတ်၊ အာနေဉ္ဇသပ္ပါယ သုတ်တော် အစရှိသည်တို့ကို ဟောတော်မူပုံ အစရှိသည်တို့ဖြင့် ဖွင့်ပြထားပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads