အရိယာဝံသတရား
From Wikipedia, the free encyclopedia
Remove ads
[၁] အရိယဝံသ-အကျင့်တရား၊ ဘုရားအစရှိသော အရိယာ ပုဂ္ဂိုလ်တို့၏ အဆက်အနွယ်တရား။
(သင်္ကန်း ဆွမ်း ကျောင်းတို့၌ ရသမျှဖြင့် ရောင့်ရဲတင်းတိမ်ခြင်း, ရောင့်ရဲလွယ်ခြင်း-ဟူသော စီဝရသန္တောသ, ပိဏ္ဍပါတသန္တောသ, သေနာသနသန္တောသ-အားဖြင့် သန္တောသ ၃-ပါး သတိပဋ္ဌာန် သမ္မပ္ပဓာန် စသည်တို့၌ မွေ့လျော်ခြင်းဟူသော ဘာဝနာရာမတာ ၁-ပါး ဤ ၄-ပါးကို အရိယဝံသဟု ခေါ်၏၊ ဂိလာနပစ္စယ သန္တောသ-ကား ပိဏ္ဍပါတသန္တောသ၌ ပါဝင်၏။ အကျယ်ကို ပြလတ္တံ့ ကျမ်းတို့၌ ကြည့်။) [၂][၃]
အရိယာဝံသတရား ဆိုသည်မှာ ဘုရား၊ ဘုရားတပည့်သား၊ ဘုရားအမွေခံ ရှင်, လူအရိယာ အရိုးအမျိုးခံသူတို့ မစွန့်အပ်သော တရားဖြစ်၍ “အရိယာဝံသတရား” မည်၏။[၄]
ယခုအခါ၌မူကား ရှင်လူအပေါင်းတို့၌ ပစ္စယာမိသတဏှာ, လောကာမိသတဏှာ, ဝဋ္ဋာမိသတဏှာတို့သည် လွန်စွာမင်းမူ၍ နေကြကုန်၏။ တဏှာသုံးပါး၏ ဆန့်ကျင်ဖက်ဖြစ်သော အရိယာဝံသတရားလေးပါးကို ပြောဆိုခဲ့လျှင် မခံနိုင်ရှိကြကုန်၏။[၄]
Remove ads
အရိယာဝံသတရား (၄)ပါး
အရိယာဝံသတရားလေးပါး ဆိုသည်မှာ -
- (၁) ဆွမ်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး၊
- (၂) သင်္ကန်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး၊
- (၃) ကျောင်းပစ္စည်း၌ ရောင့်ရဲလွယ်ခြင်း တစ်ပါး၊
- (၄) ဘာဝနာတရား၌ မွေ့လျော်ခြင်း တစ်ပါး။ ဤလေးပါးတို့ ဖြစ်သည်။[၄]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads