အရုဏာစလပဒေသပြည်နယ်

From Wikipedia, the free encyclopedia

Remove ads

အရုဏာစလပဒေသ(ဟင်ဒီ: अरुणाचल प्रदेश)သည် အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် တည်ရှိသော ပြည်နယ်တစ်ခုဖြစ်ပြီး မြို့တော်မှာ Itanagarဖြစ်ပြီး ဧရိယာသည် ၈၃,၇၄၃ km2 (၃၂,၃၃၃ sq mi)၊ လူဦးရေမှာ ၉၆၅,၀၀၀ဦး(၁၉၉၄ ခုနှစ် သန်းခေါင်စာရင်းအရ) ဖြစ်သည်။

အင်္ဂလိပ်ဘာသာကို ရုံးသုံးဘာသာစကားအဖြစ် သတ်မှတ်ထားသည်။ တရုတ်နှင့် အိန္ဒိယတို့၏ ပိုင်နက်အငြင်းပွားမှုဖြစ်သည့် တောင်ပိုင်းတိဗက်သည် အိန္ဒိယက သတ်မှတ်ထားသော အုပ်ချုပ်ရေးဒေသများအတိုင်း ဤပြည်နယ်တွင်လည်း ပါဝင်သည်။

၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြည်နယ်အဖြစ် တိုးမြှင့်ခဲ့သည်။ တောင်ဘက်တွင် အာသံနှင့် နာဂလန်၊ အနောက်ဘက်တွင် ဘူတန်နိုင်ငံ၊ အရှေ့ဘက်တွင် မြန်မာနိုင်ငံ၊ မြောက်ဘက်တွင် တရုတ်နိုင်ငံတို့နှင့် နယ်နိမိတ် ထိစပ်နေသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads