အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်

From Wikipedia, the free encyclopedia

အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်
Remove ads

အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် သည် အခြေခံဥပဒေအရ အရှေ့တီမောနိုင်ငံ၏ အထိမ်းအမှတ်များအနက် တစ်ခုအပါအဝင်ဖြစ်သည်။[]

အချက်တိုများ အရှေ့တီမောနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ် တီမောလက်စ်တီနိုင်ငံ၏ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်, အသေးစိတ် အချက်အလက်များ ...
Remove ads

သမိုင်းကြောင်း

လက်ရှိအထိမ်းအမှတ်တံဆိပ်ကို ၂၀၀၇ခုနှစ် ဇန်နဝါရီ ၁၈ရက်နေ့တွင် စတင်အသုံးပြုခဲ့သည်။ ၁၉၇၅ခုနှစ် နိုဝင်ဘာ ၂၈ရက်နေ့တွင် ပေါ်တူဂီတို့လက်မှ လွတ်လပ်ရေးရပြီဟု ကြေညာခဲ့စဉ်က အသုံးပြုခဲ့သော တံဆိပ်နှင့် ဆင်တူသည်။

ယခင်တံဆိပ်များ

ပေါ်တူဂီကိုလိုနီခေတ်(၁၉၃၅-၁၉၇၅)

၁၉၃၅ခုနှစ်တွင် ပေါ်တူဂီတို့သည် ၎င်းတို့၏ကိုလိုနီနယ်မြေအတွက် အထိမ်းအမှတ်တံဆိပ်ကို အသုံးပြုခဲ့သည်။ ထိုတံဆိပ်မှာ ပေါ်တူဂီ၏ အခြားသော ကိုလိုနီနယ်မြေများ၏ တံဆိပ်များအတိုင်းပင်ဖြစ်သည်။

အင်ဒိုနီးရှားပြည်နယ် (၁၉၇၅-၁၉၉၉)

လွတ်လပ်ရေးကြေညာအပြီး ရက်အနည်းငယ်အကြာတွင် အင်ဒိုနီးရှားတို့က အရှေ့တီမောဒေသကို ကျူးကျော်ကာ ၎င်းတို့၏ ၂၇ခုမြောက် ပြည်နယ်အဖြစ် သတ်မှတ်ခဲ့သည်။ အရှေ့တီမောပြည်နယ်၏ အမှတ်တံဆိပ်ကို ၁၉၇၅ခုနှစ်မှ ၁၉၉၉ခုနှစ်အထိ အသုံးပြုခဲ့သည်။

ကုလသမဂ္ဂအုပ်ချုပ်မှုကာလ (၁၉၉၉-၂၀၀၂)

အင်ဒိုနီးရှားတွင် သမ္မတ ဆူဟာတိုနုတ်ထွက်အပြီး သမ္မတ ဟာဘီဘီလက်ထက်တွင် အရှေ့တီမောကို လွတ်လပ်ရေးပေးရန် ဖြစ်လာခဲ့သည်။ သို့ရာတွင် အခြေအနေများအရ သမ္မတ ဟာဘီဘီက ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးတပ်များကိုခေါ်၍ အခြေအနေကို ထိန်းခဲ့ရသည်။ ၁၉၉၉ခုနှစ်တွင် အရှေ့တီမောဒေသကို ကုလသမဂ္ဂမှ စတင်အုပ်ချုပ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြီးသည့် အချိန်အထိဖြစ်သည်။ ထိုကာလအတွင်း အမှတ်တံဆိပ်တစ်ခုကို အသုံးပြုခဲ့သည်။

လွတ်လပ်ရေးရပြီးခေတ် (၂၀၀၂ - ၂၀၀၇)

လွတ်လပ်ရေးရပြီး ပထမဆုံးအသုံးပြုခဲ့သေ အထိမ်းအမှတ်တံဆိပ်သည် တီမောကာကွယ်ရေးအမျိုးသားကောင်စီ၏ တံဆိပ်တွင်ပါသော ဒိုင်းဖြစ်သည်။ ထိုတံဆိပ်၏ အဓိကမှာ တီမောရိုးရာဓားဖြစ်သည်။ ဘေးတွင် လှံ၊ ကြယ်၊ မြှားတို့ပါသည်။ ဒိုင်းကာအောက်တွင် ရောင်ခြည် (၁၄)ခုပါသော နေလုံး၊ ၎င်းတို့ကို ပတ်ထားသော စက်ဝိုင်းတွင် ပေါ်တူဂီဘာသာဖြင့် နိုင်ငံအမည်တို့ ပါဝင်သည်။

Remove ads

ပြခန်း

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads