အလက်ဇန္ဒရီးယားမြို့

From Wikipedia, the free encyclopedia

အလက်ဇန္ဒရီးယားမြို့
Remove ads

အလက်ဇန္ဒရီးယားသည် အီဂျစ်နိုင်ငံ၏ ဒုတိယမြောက် အကြီးဆုံး မြို့ ဖြစ်ပြီး လူဦးရေ ၄.၁ သန်း ရှိကာ နိုင်ငံ၏ မြောက်ဘက် အလယ်ပိုင်းတွင် မြေထဲပင်လယ် ကမ်းရိုးတန်းတလျှောက် ၃၂ ကီလိုမီတာ (၂၀မိုင်) မျှ ဖြန့်ကျက် တည်ရှိသည်။ မြေထဲပင်လယ်၏ ကမ်းရိုးတန်းတလျှောက်တွင် တည်ရှိသော မြို့များတွင် အကြီးဆုံးမြို့လည်း ဖြစ်သည်။ ထိုမြို့သည် အီဂျစ်နိုင်ငံ၏ အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်ပြီး အီဂျစ်နိုင်ငံ၏ သွင်းကုန် ထုတ်ကုန် ၈၀ ရာခိုင်နှုန်းကို ကိုင်တွယ် ဖြေရှင်းပေးသည်။ ဘိုင်လလီယိုသီကာ အလက်ဇန္ဒရီးယား စာကြည့်တိုက်သည် အလက်ဇန္ဒရီးယား မြို့တွင် တည်ရှိသည်။ ဆူးအက် တူးမြောင်းမှ သဘာဝဓာတ်ငွေ့နှင့် ရေနံပိုက်လိုင်းတို့ကြောင့် ကုန်ထုတ်လုပ်ရေး အချက်အချာကျသော မြို့တစ်မြို့လည်း ဖြစ်သည်။

အချက်တိုများ အလက်ဇန္ဒရီးယား Alexandria အင်္ဂလိပ် Αλεξάνδρεια (ဂရိ) الإسكندرية (အာရပ်), နိုင်ငံ ...
Thumb
အလက်ဇန္ဒရီးယား မြင်ကွင်းကျယ်
Thumb
အလက်ဇန္ဒရီးယားရှိ လူနေအိမ်များ

အလက်ဇန်းဒရီးယားမြို့ကို မဟာအလက်ဇန္ဒားက ဘီစီ ၃၃၁ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ၎င်းသည် အီဂျစ်နိုင်ငံ၏ မြို့တော် အဖြစ် နှစ်ပေါင်း တစ်ထောင်ကျော်မျှ တည်ရှိနေခဲ့သည်မှာ မွတ်စလင် တို့ သိမ်းပိုက်ခဲ့သည် အေဒီ ၆၄၁ ခုနှစ် အထိပင် ဖြစ်သည်။ မြို့တော် အသစ်ကို ဖူစတက်တွင် တည်ထောင်ခဲ့ကာ နောင်တွင် ကိုင်ရိုမြို့ နှင့် ပူးပေါင်းခဲ့သည်။ အလက်ဇန္ဒရီးယားသည် ကမ္ဘာ့အံဖွယ် ခုနစ်ပါး တွင် ပါဝင်သော အလက်ဇန္ဒရီးယား မီးပြတိုက် ၊ ရှေးခေတ်အခါက အကြီးဆုံး ဖြစ်ခဲ့ဖူးသော စာကြည့်တိုက်နှင့် ကွန်အယ်လ်ရှိုကာဖာ၏ မြေအောက်သင်္ချိုင်း တို့ကြောင့် နာမည်ကျော်ကြားသည်။ အလက်ဇန္ဒရီးယား ဆိပ်ကမ်းတွင်ပြုလုပ်လျက် ရှိသော ရှေးဟောင်းသုတေသန လုပ်ငန်းများအရ မဟာအလက်ဇန္ဒား မရောက်မီ အချိန် တော်လေးမစ် မင်းဆက် အုပ်ချုပ်စဉ် အချိန်က ရှိခဲ့ဖူးသော ရာကိုတစ် ဆိုသော မြို့နှင့် မဟာအလက်ဇန္ဒား ရောက်ပြီး အချိန်၏ အသေးစိတ် အထောက်အထား တို့ကို ရှာဖွေတွေ့ရှိခဲ့သည်။

၁၉ ရာစု မှ စ၍ အလက်ဇန္ဒရီးယားသည် နိုင်ငံတကာ သင်္ဘော သယ်ယူပို့ဆောင်ရေး လုပ်ငန်း၏ အဓိက အချက်အချာနေရာ ဖြစ်လာခဲ့ပြီး ကမ္ဘာပေါ်တွင် အရေးပါသော ကုန်သွယ်မှု အချက်အချာ နေရာ များတွင် တစ်ခု အပါအဝင် ဖြစ်လာခဲ့သည်။ အကြောင်းမှာ မြေထဲပင်လယ်နှင့် ပင်လယ်နီတို့အား ကုန်းလမ်းမှ ဆက်စပ်နေမှုနှင့် အီဂျစ် ချည်ထည်မှ အမြတ်အစွန်းများစွာ ရရှိသော ကုန်သွယ်ရေး တို့ကြောင့် ဖြစ်သည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads