အလက်ဇန်းဒရီးယားရှိ မီးပြတိုက်
အီဂျစ်နိုင်ငံမှ ရှေးဟောင်းမီးပြတိုက် From Wikipedia, the free encyclopedia
Remove ads
သတ္တမအံ့ချီးဖွယ်ရာမှာကား အယ်လက်ဇန္ဒြီးယားမြို့ရှိ ဖေးရော့မီးပြတိုက်ကြီးဖြစ်လေသည်။ အီဂျစ်ကမ်းခြေတွင်ရှိ၍ ထိုမြို့ကြီးနှင့် ကပ်နေသော ကျွန်းကလေးတစ်ကျွန်းမှာ ဖေးရော့ ကျွန်းဟု ခေါ်၏။ အယ်လက်ဇန္ဒာ-သ-ဂရိတ်သည် အယ်လက် ဇန္ဒြီးယားမြို့ကြီးကို တည်စဉ်က ထိုဖေးရော့ကျွန်းနှင့် မြို့ကြီးကို ပိုင်းခြားသည့် ရေပြင်ကိုဖြတ်၍ ပေါင်းကူး တံတားဆောက်လုပ် ခဲ့၏။ အီဂျစ်ဘုရင် ဒုတိယတော်လမီမင်း လက်ထက်၌ ထို ကျွန်း၏အရှေ့ဘက်စွန်းတွင် ကျောက်တုံးကြီးများဖြင့် ပေ ၅ဝဝ ခန့်မြင့်သော မီးပြတိုက်ကြီးကို တည်ဆောက်လေသည်။ ထို အဆောက်အအုံကြီးကို ဘီစီ ၂၆ဝ ပြည့်နှစ်တွင် ပြီးစီးရာ၊အယ်လက်ဇန္ဒြီးယားမြို့၏ ဖေးရော့မီးပြတိုက်ဟု ခေါ်တွင်၏။ အထက်ပါတို့ကား ရှေးဟောင်းကမ္ဘာ၏ အံ့ဖွယ်ခုနစ်သွယ် ဖြစ်လေသည်။ ယခုအခါတွင်ကား ထိုအံ့ဖွယ်များမှာ အီဂျစ် နိုင်ငံရှိ ပိရမစ်များမှတစ်ပါး ပျက်စီးယိုယွင်းကုန်ချေပြီ။
![]() | ဤ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |

Remove ads
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads