အလိုတော်ပေါက်ဘုရား

From Wikipedia, the free encyclopedia

Remove ads

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ရွာမကျေးရွာအုပ်စု မြောက်ရွာမ ရွာဟောင်းအနီး တည်ရှိသည်။

တည်နေရာ

နေရာကုဒ် 21.095149, 94.722092

ဘုရားကို တောင်ကုန်းငယ်ထက်တွင် တည်ထားခြင်းဖြစ်သည်။ ဘုရားကုန်းမှာ လက်ရှိ ‌မြောက်ရွာမ (ရွာသစ်) ၏ အရှေ့မြောက်ဘက် မီတာ သုံးရာခန့် သာ ‌ဝေးကွာသည်။ ဘေးပတ်လည်မှာ ဘုရားပွဲကျင်းပရာ ကွင်းပြင်၊ ဘုန်းကြီး‌ကျောင်း ပရဝုဏ်၊ ရွာပျက်၊ ယာခင်းများ စသည်တို့ ရှိပြီး တောင်ကုန်း မှာ မြေပြန့် လွင်ပြင်အတွင်း ထီးထီး တည်ရှိသည်။ အရှေ့ဘက်တွင် ယောချောင်း စီးဆင်းလျက်ရှိသည်။

ဗိသုကာလက်ရာ

အတွင်းရှိစေတီငယ်ကို ဂူဘုရားဖြင့် ငုံ၍တည်ထားသော နှစ်ထပ်ဘုရားဖြစ်သည်။

ဘုရားကုန်းအခြေ အ‌‌‌ရှေ့ မြောက်ဖက်စောင်းတန်း အဆင်းလှေကားရင်း မြောက်ဘက်တွင် ပဋိက္ခရားမင်းသား၏ အုတ်ဂူ ဟုဆိုသော အုတ်ဂူကြီး ရှိသည်။

ဘုရားဒါယိကာများ

အတွင်းစေတီငယ်မှာ သီရိဓမ္မာသောကမင်း ကောင်းမှုဖြစ်၍ အပြင်မှ ထပ်ငုံတည်ထားသည်မှာ ကျန်စစ်သားမင်းကြီးကောင်းမှုဖြစ်သည်။

ဘုရားပွဲ

ဘုရားပွဲကို နှစ်စဉ် ကဆုန်လဆန်း (၁၂) ရက်မှ လပြည့်နေ့ အထိ စည်ကားသိုက်မြိုက်စွာကျင်းပသည်။ ဇာတ်ပွဲ၊ အငြိမ့်ပွဲ၊ အားကစားပွဲ၊ ကြည့်ချင်ပွဲ၊ ‌ဈေးဆိုင်တန်းများ၊ အစားအသောက်ဆိုင်များ ဖြင့် လွန်စွာစည်ကားလှသည်။ ဆိပ်ဖြူမြို့နယ်တွင်း အစည်ကားဆုံး‌ော ဘုရားပွဲဖြစ်သည်။

ဘုရားပွဲချိန်တွင် ဒေသတွင်း ဈေးသည်များ၊ ဆယ့်နှပွဲဈေးသည်များသာမက ချင်းပြည်နယ်၊ ရှမ်းပြည်နယ်တို့မှ ‌ဈေးသည်များပါ လာ‌ရောက် ‌ရောင်းချကြသည်။ ပစ္စည်းချင်း ဖလှယ်သည့် စနစ်ကို ထူးခြားစွာ ‌တွေ့ရသဖြင့် လွန်စွာ‌ရှေးကျသော ပွဲ‌တော်တခုဖြစ်မည်ဟု မှန်းဆသိရှိနိုင်သည်။

အနီးဝန်းကျင် ဆိပ်ဖြူမြို့နယ်၊ ပေါက်မြို့နယ်ပခုက္ကူမြို့နယ် များအတွင်းမှ ကျေးရွာအလိုက် လှည်းတန်းကြီးများဖြင့် လာရောက်ကြပြီး လှည်းဝိုင်းကြီးများဖြင့် စခန်းချ ဆင်နွှဲကြသည်ကို တွေ့ရသည်။

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads