အလုံမြို့
From Wikipedia, the free encyclopedia
Remove ads
အလုံမြို့သည် လူသာမန်များ မသိစေရန် သူတော်စင်များ လျှို့ဝှက်သိပ်သည်းစွာ တောင်ယာစပါးစိုက် နေထိုင်၍၊ နေ့နေ့ညည တရားကျင့်ကြံကြသော ပါးစပ်ရာဇဝင်လာ ဒဏ္ဍာရီဒေသ ဖြစ်သည်။[၁]
နေထိုင်ပုံ
ဘားအံမြို့နယ်အထက်ပိုင်းတွင် နေသူ ဦးစောချစ်တင်သည် ခေါင်းမူးနေသော အသက် ၈၀ ကျော် အဘိုးအို တဦးကို ထင်းစည်း ကူထမ်းပြီး သွားလိုရာသို့ လိုက်ပို့ရာ မမျှော်လင့်ဘဲ ၎င်းအလုံမြို့သို့ ရောက်ရှိသွားပြီးနောက်၊ ရက်ပေါင်း ၉၀ ကြာမှ မိမိနေရာ ဖလံတောင်ရွာသို့ ပြန်ရောက်လာသည်ရှိသော် မိသားစုဝင်များက ဆွမ်းသွတ်ထားနှင့်ပြီ။
၎င်းမြို့က လူများသည် ကိုယ်တိုင် စပါးစိုက်၊ ခြေနင်းမောင်းထောင်းဆုံ၊ လက်ဆုံများဖြင့် ကိုယ်တိုင် ဆန်ဖွတ်စားသည်၊ မည်သည့် စက်ပစ္စည်းကိရိယာ အသုံးအဆောင်မှ မသုံးစွဲ၊ သားငါးမစား၊ တနေ့သုံးကြိမ် ဘုရား ဝတ်ပြုသည်၊ ရသေ့ရဟန်းများနှင့်အတူ ဝတ်ဖြူစင်ကြယ်နှင့် သူတော်စင်များသည် နေ့နေ့ညည တရားထိုင်နေသည်ဟု ရောက်ဖူးသူက ပြန်ပြောင်း ပြောပြသည်။ [၁]
Remove ads
နတ်ဝှက်
သို့သော် ၎င်းနေရာဆန်းကို တဖန် ရောက်လို၍ သွားရောက် ရှာဖွေသော် နတ်ဝှက်ထားသကဲ့သို့ မတွေ့ရှိရတော့ချေ။ [၁]
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads