အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်

From Wikipedia, the free encyclopedia

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်
Remove ads

အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် မင်းကင်းမြို့ကနီမြို့နယ်၊ ယင်းမာပင်မြို့နယ်စစ်ကိုင်းတိုင်းဒေသကြီးအတွင်း တည်ရှိသည်။ ၁၅၉၇ စတုရန်းကီလိုမီတာ ကျယ်ဝန်းပြီး မြန်မာနိုင်ငံတွင် အကြီးဆုံး အမျိုးသားဥယျာဉ်ဖြစ်ပြီး၊ အာဆီယံ အမွေအနှစ်ဥယျာဉ်စာရင်းဝင် ဥယျာဉ်တစ်ခုဖြစ်သည်။ မြေအမျိုးအစားများမှာ သဲမြေ၊ ထုံးမြေ၊ ကျောက်စရစ်ခဲမြေ၊ နှုန်း(ရွံ)မြေ၊ သင်ပုန်းကျောက်မြေ စသည့်မြေအမျိုးအစားဖြစ်သည်။ ပျမ်းမျှမိုးရေချိန်မှာ ၂၅ မှ ၅၀ မီလီမီတာအတွင်းရှိပြီး၊ ပျမ်းမျှအပူချိန်မှာ ၁၀ မှ ၄၀ ဒီဂရီစင်တီဂရိတ်ရှိသည်။ ထိန်းသိမ်းထားသော မြေနေရာအတွင်း၌ တောင်တွင်းချောင်းမကြီးနှင့် Pahtolone မြစ်များ စီးဆင်းနေကြသည်။

Thumb
အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်
Remove ads

သမိုင်း

Patolon သစ်တောထိန်းသိမ်းရေးနယ်မြေကို ၁၈၉၃ ခုနှစ် ဇူလိုင်လ ၂၁ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး၊ တောင်တွင်းသစ်တောထိန်းသိမ်းရေးနယ်မြေကို ၁၈၉၃ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်ခဲ့သည်။ ၁၉၄၁ နှစ်တွင် တောင်တွင်းတောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အဖြစ် ဗြိတိသျှကိုလိုနီအစိုးရမှ သတ်မှတ်ခဲ့သည်။ ၁၉၈၄ ခုနှစ်(မူကွဲ - ၁၉၈၉ခုနှစ်) တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရမှ အမျိုးသားဥယျာဉ် အဖြစ် အဆင့်တိုးသတ်မှတ်ခဲ့သည်။

သဘာဝအရင်းအမြစ်များ

ရွက်ပြတ်တော အမျိုးအစားဖြစ်ပြီး၊ အမြဲစိမ်းတောနှင့် ထင်းရှူးတောများလည်း ပေါက်ရောက်ကြသည်။ သစ်ပင်မျိုးစိတ် (၁၅၀) ခန့်၊ သစ်ခွမျိုးစိတ် ( ၄၂)မျိုးခန့်၊ ဝါးမျိုးစိတ် (၁၀)မျိုးခန့်၊ ကြိမ်မျိုးစိတ် (၄)မျိုးနှင့် ဆေးဘက်ဝင်သစ်ပင်မျိုးစိတ်ပေါင်း (၅၀)ခန့် သစ်တောအတွင်း၌ ပေါက်ရောက်ကြသည်ဟု မှတ်တမ်းတင်ထားသည်။

တောရိုင်းတိရစ္ဆာန်များအနေဖြင့် ကျားသစ်(Panthera pardus) ကောင်ရေ ၂၀ မှ ၄၀ ခန့်၊ အာရှဆင်(Elephas maximus) ၅၀ ခန့်၊ Gaur ခေါ် ပြောင် (Bos gaurus) ၄၀ ခန့်၊ ဆတ် (Cervus unicolor) အကောင် ၃၀၀၊ ချေဝက်ဝံကြောင်မျိုးစိတ်တချို့၊ အင်းဆက်များ နှင့် ရေနေသတ္တဝါများ ရှိသည်။ တွားသွားသတ္တဝါ ၁၃ မျိုး၊ လိပ်ပြာမျိုးစိတ်ပေါင်း ၂၄၀၊ ငှက်မျိုးစိတ်ပေါင်း ၂၄၀ လည်းရှိသည်ဟု မှတ်တမ်းတင်ထားသည်။

Remove ads

ခြိမ်းခြောက်နေသောအန္တရာယ်များ

ခရီးသွားလာရေးလုပ်ငန်းမြေနေရာဖြစ်သည့်အပြင် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ ရှိနေသည်။ တရားမဝင် သစ်ခိုးထုတ်ခြင်းများရှိပြီး၊ သစ်ခွမုဆိုးတို၏ အန္တရာယ်ကိုလည်း ရင်ဆိုင်နေရသည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အမျိုးသားကော်မရှင် နှင့် ပြည်တွင်း NGO အဖွဲ့အစည်းဖြစ်သော FREDA (Forest Resource and Environmental Development and Conservation Association)၊ ထို့ပြင် Wildlife Alliance စသောအဖွဲ့အစည်းများ ပူးပေါင်း၍ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်နေကြသည်။ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် ယခုအခါ သမင်၊ ဒရယ်စသော တောတွင်းနေသတ္တဝါများ တရားမဝင်ဖမ်းဆီးသတ်ဖြတ်နေမှုကို တိုက်ဖျက်ရန်အကြီးအကျယ်လုပ်ဆောင်နေရသည်။ ထို့ပြင် အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်သည် မြန်မာ့သစ်ခွများပေါကြွယ်ဝမှုကို ထိန်းသိမ်းထားသောနေရာထဲမှ တစ်ခုဖြစ်ရာ သစ်ခွမုဆိုးများ၏ မြန်မာ့သစ်ခွ မျိုးရိုင်းများ ခိုးထုတ်နေမှုဒဏ်ကိုလည်း ရင်ဆိုင်နေရသည်။

ယခုအခါ သစ်တောရေးရာဝန်ကြီးဌာနမှ သတ်မှတ်ထားသော အရေအတွက်အတိုင်း သစ်တောအရာရှိများအား လက်နက်ကိုင်ဆောင်ခွင့်ပေးထားရာ အိမ်နီးချင်းနိုင်ငံများမှ သစ်တောထွက်ပစ္စည်းများ လိုအပ်နေမှုအပေါ်မူတည်၍ တရားမဝင်တောရိုင်းတိရစ္ဆာန်များကို သတ်ဖြတ်မှုနှင့် သစ်ခွမုဆိုးများ၏အန္တရာယ်ကို ကာကွယ်နေလျက်ရှိသည်။

Remove ads

ခရီးသွားလာရေးလုပ်ငန်း

အလောင်းတော် ကဿပဆိုသည်မှာ ဗုဒ္ဓဘုရားရှင် မဟာသာဝကရဟန္တာမထေရ်မြတ်ကြီး၏ ဘွဲ့တော်ဖြစ်ပြီး၊ ထိန်းသိမ်းထားသော အမျိုးသားဥယျာဉ်အတွင်း၌ ထိုရဟန္တာအရှင်မြတ်၏ ရုပ်ကလာပ်တည်ရှိရာ လိုဏ်ဂူတော်နှင့် စေတီတော်တည်ရှိသည်။ ထိုလိုဏ်ဂူတော်နှင့် စေတီတော်တို့ တည်ရှိနေသောအကျိုးကျေးဇူးကြောင့် နှစ်စဉ် ဘုရားပွဲတော်ကာလအတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွားများ အများအပြား လည်ပတ်လေ့ရှိသည်။

လမ်းပန်းဆက်သွယ်ရေး

Remove ads

ကြည့်ရှုလေ့လာနိုင်သောအခွင့်အလမ်းများ

  • အလောင်းတော်ရှင် မဟာကဿပ မထေရ်မြတ်ကိန်းဝပ်တော်မူရာ နေရာဒေသသို့ ဖူးမြော်နိုင်ခြင်း
  • ပျက်စီးမှုအနည်းဆုံးအခြေအနေတွင်ရှိသည့် သစ်တောအမျိုးအစားများစွာကို ကွင်းဆင်းလေ့လာနိုင်ခြင်း၊ သုသေသနပြုနိုင်ခြင်း
  • ကုန်းတွင်းပိုင်းဌာနေငှက်မျိုးစိတ်များကို လေ့လာကြည့်ရှုနိုင်ခြင်း
  • အင်းတိုင်းတောအမျိုးအစားနှင့် ထင်းရှူးတောအမျိုးအစား တဆက် တစပ်တည်းပေါက်ရောက်မှု အခြေအနေကို လေ့လာနိုင်ခြင်း

ကိုးကား

  1. Report: Myanmar Protected Area (2011)
  2. အလောင်းတော်ကဿပအမျိုးသားဥယျာဉ်[လင့်ခ်သေ]
  3. ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန 8 August 2014 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .


Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads