အဝတ်အစား

From Wikipedia, the free encyclopedia

အဝတ်အစား
Remove ads

လူတို့သည် မိမိတို့ဓလေ့ထုံးစံအတိုင်း အဝတ်အစားများကို ဝတ်ဆင်လာခဲ့ကြသော်လည်း မည်သို့သော အကြောင်းများကြောင့် ဝတ်ဆင်ကြသည်ကိုမူ လူတိုင်း သတိပြု မိလိုမှ ပြုမိကြပေမည်။ အဝတ်အစား ဝတ်ဆင်ရာ၌ အကြောင်းပေါင်းများစာရှိနိုင်သော်လည်း အဓိကအကြောင်းများမှာ မိမိ ကိုယ်ကို တန်ဆာဆင်လိုမှုနှင့် အပူအအေး လုံစေလိုမှုပင် ဖြစ်တန်ရာသည်။ လူတို့သည် မိမိတို့ကိုယ်ကို မည်မျှ တန်ဆာ ဆင်လိုကြသနည်းဟူမူ အဝတ်အစားများ မဆင်မြန်းတတ်ကြမီ အချိန်ကပင် ဘီး၊ ဆံည|ပ်နှင့်တကွ အခြားအသေးအဖွဲ တန်ဆာ များကို သမိုင်မတင်မီခေတ် ဂူနေလူများ ဆင်မြန်း အသုံးပြုခဲ့ ကြောင်း တွေ့ရလေသည်။ စုန်းကဝေပြုစားခြင်းကို အချို့သော အဝတ်အစားမျိုးနှင့် ကာကွယ်နိုင်သည်ဟူသော ယုံကြည်ချက် ဖြင့် ဝတ်ဆင်ခဲ့ကြသည်လည်း ရှိပေသည်။ အရှက်အကြောက်ကို ဖုံးကွယ်လိုမှုမှာလည်း အကြောင်းတစ်ရပ် ဖြစ်၏။ သို့ရာတွင် ပလာကျင်း၍ နေထိုင်တတ်သော လူမျိုး၊ မလုံ့တလုံး ဝတ်ဆင် တတ်သော လူမျိုးများ ရှိနေခြင်းကို ထောက်လျှင် ဤအချက်မှာ ကမ္ဘာပေါ်ရှိ လူမျိုးအားလုံးအတွက် မှန်သည်ဟု မဆိုသာချေ။

Thumb
သမိုင်းတွင် ဝတ်ဆင်ခဲ့သော အဝတ်အစားများ

မိမိတို့၏ထုံးတမ်းဓလေ့ကိုလိုက်၍ လူမျိုးအသီးသီး၌ သီးခြား အဝတ်အစားများ ရှိကြပေသည်။ တစ်ဖန် လူတစ်မျိုး မှာပင် အချိန်၊ ရာသီ၊ အခမ်းအနားအလိုက် အဝတ်အစား များကို ခွဲခြားထားတတ်ပြန်သည်။ သို့ရာတွင် အဝတ်အစား အတွက် လူတို့ အသုံးပြုသော အထည်ပစ္စည်းနှင့် ပုံစံတို့မှာ သားစဉ်မြေးဆက် တသမ္မတ်တည်း မူသေ မတည်မြဲပဲ ယဉ်ကျေးမှုနှင့်တကွ စက်မှုလက်မှု တိုးတက်ပြောင်းလဲမှု အခြေ အနေကို အမှီပြု၍ တစ်ခေတ်မှ တစ်ခေတ်သို့ ပြောင်းလဲတတ် ပေသည်။ ပုံစံအားဖြင့် ပြရလျှင် ရှေးခေတ်လူတို့သည် သားမွေး၊ သားရေ၊ သစ်ခေါက်၊ မြက်ပင် စသည်တို့မှ အဝတ် အစားဖြစ်အောင် ပြုပြင် ချုပ်လုပ်ပြီး ဝတ်ဆင်ခဲ့ကြရ၏။ ထိုနောက်မှ သိုးမွေး၊ ချည်၊ ပိုးဖဲကတ္တီပါစသော ခေတ်ပေါ် အထည်များကို အသုံးပြုလာနိုင်ခဲ့ကြ လေသည်။

အဝတ်အစားများ ချုပ်ရာတွင် လက်ချုပ်နှင့်စက်ချုပ်နည်း နှစ်မျိုးတို့ဖြင့် မိမိတို့ဖာသာ အိမ်တွင် ချုပ်ယူသူများ ရှိသကဲ့သို့ ဆိုင်တွင်အပ်ပြီး ချုပ်စေသူများလည်း ရှိသည်။ ထို့ပြင် စက် ကိရိယာများ တစ်နေ့ထက် တစ်နေ့ တိုးတက်ဆန်းပြားလာခဲ့ သည့်အလျောက် အသင့်ချုပ်ပြီးသား အဝတ်အစားများ ရောင်းချ သည့် ဆိုင်များမှာ တစ်နေ့တခြား ပေါများလာလေသည်။ သို့ရာတွင် အဝတ်အစားနှင့် စပ်လျဉ်းသည့် ပုံစံ(ဘက်ရှင်)များ သည် အမျိုးမျိုး ပြောင်းလဲလျက်ရှိရကား တစ်ခါတစ်ရံ ထိုသို့ ဘက်ရှင်ပြောင်းလဲမှုကြောင့် အဝတ်အစားများကို အသင့်ချုပ် ပြီး ရောင်းချလေ့ရှိသူများ၌ အကြီးအကျယ် ထိခိုက်နစ်နာတတ် သည်ကို တွေ့ရတတ်လေသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads