အဝိဇ္ဇာပစ္စယသုတ်
From Wikipedia, the free encyclopedia
Remove ads
(၂)သုတ် ရှိပါသည်။
[၁] တရားနာပရိသတ်တွင်ပါဝင်နေသော မိစ္ဆာအယူရှိသော ရဟန်း၏ မိစ္ဆာအယူကို ဖျက်ဆီးရန်အတွက် ပဋိစ္စသမုပ္ပါဒ အနုလောမဒေသနာတော်ကို ဟောကြားပြီးဆုံး စေတော်မူသည်၊ ထိုအခါ မိစ္ဆာအယူရှိသော ရဟန်း၏ မေးလျှောက်ချက်တို့ကို ဖြေရှင်းတော်မူပြီး မိစ္ဆာအယူသို့ မကပ်မရောက်အောင် ပဋိစ္စသမုပ္ပါဒ် အနုလောမဒေသနာတော်ကို ဟောတော်မူကြောင်း မိန့်တော်မူပါသည်။ အဝိဇ္ဇာ၏ အရဟတ္တမဂ်ဖြင့် အကြွင်းမဲ့ ချုပ်ငြိမ်းလျှင် မိစ္ဆာအယူအားလုံး အကြွင်းမဲ့ ချုပ်ငြိမ်းကုန်၏၊ နောက်ထပ် တဖန် မဖြစ်တော့ကုန်ဟု အကျယ် ဟောတော်မူသည့်သုတ်။
အဋ္ဌကထာ၌ -ပဋိစ္စသမုပ္ပါဒ အနုလောမဒေသနာပြီးစီးစေခြင်း အကြောင်း နှင့် မိစ္ဆာအယူရှိသောရဟန်း၏ မေးခွန်းကို ရွှေခွက်၌ မစင်တစ်စက် ဥပမာဖြင့် နှိုင်းယှဉ် ပြထားပုံ၊ “တံ ဇီဝံ တံ သရီရံ” ဝါဒ၏ ဥစ္ဆေဒဝါဒဖြစ်ပုံ၊ “အညံ ဇီဝံ အညံ သရီရံ” ဝါဒသည် သဿတဝါဒဖြစ်ပုံ၊ မိစ္ဆာအယူရှိနေသူ၏ အရိယမဂ္ဂဗြဟ္မစရိယ မဖြစ်နိုင်ပုံ အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။
ဋီကာ၌ -ဘုရားရှင်တို့၏ ဒေသနာအစဉ်ကို ဖြတ်တောက်၍ မေးနိုင်သောသူ မရှိပုံ-အစရှိသည်တို့ကို ဖွင့်ပြထားပါသည်။
[၂] အထက်သုတ် ဒေသနာတော်အတိုင်း ဘုရားရှင်အားထ၍ မမေးလျှောက်ဝံ့သော ရဟန်း၏ အလိုအားလျော်စွာ ဘုရားရှင် ဟောတော်မူသည့်သုတ်။ [၃]
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads