အဝိဇ္ဇာသုတ်

From Wikipedia, the free encyclopedia

Remove ads

(၄)သုတ် ရှိပါသည်။

[] အညတရ ရဟန်း၏ လျှောက်ထားချက်အရ ခန္ဓာငါးပါးတို့တွင် တစ်ပါးစီ တစ်ပါးစီ၏ ခန္ဓာနှင့် ခန္ဓာဖြစ်ကြောင်း၊ ခန္ဓာချုပ်ရာ၊ ခန္ဓာချုပ်ရာသို့ရောက်ကြောင်း အကျင့်တို့ကို ပိုင်ပိုင်မိမိ မသိသောရဟန်းသည် အဝိဇ္ဇာ, အဝိဇ္ဇာဂတဖြစ်သည်-ဟု ခန္ဓာတစ်ပါးစီ တစ်ပါးစီကို ခွဲခြား၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာနှင့် ဋီကာတို့၌ -အဝိဇ္ဇာဂတပုဒ်ကို ဖွင့်ပြတော်မူထားပါသည်။


[] အဝိဇ္ဇာသည် အကုသိုလ်တရားများဖြစ်ရန် ရှေ့ သွားခေါင်းဆောင် ဖြစ်ပုံ အဟိရိက, အနောတ္တပ္ပများသည် အဝိဇ္ဇာ၏ နောက်လိုက်များ ဖြစ်ပုံ၊ အဝိဇ္ဇာဖြစ်နေသော ပညာရှိသူအား မိစ္ဆာဒိဋ္ဌိဖြစ်ပုံ၊ မိစ္ဆာဒိဋ္ဌိဖြစ်သူအား မိစ္ဆာသင်္ကပ္ပဖြစ်ပုံ-အစရှိသည်ဖြင့် မိစ္ဆာမဂ္ဂင်များ အဆင့်ဆင့် ဖြစ်ပေါ်လာပုံ၊ ဝိဇ္ဇာသည် ကုသိုလ်တရားတို့ဖြစ်ရန် ရှေ့သွား ခေါင်းဆောင်ဖြစ်ပုံ၊ ဟိရီနှင့် ဩတ္တပ္ပတို့သည် ဝိဇ္ဇာ၏နောက်လိုက်များဖြစ်ပုံ၊ ဝိဇ္ဇာဖြစ် နေသော ပညာရှိသူအား သမ္မာဒိဋ္ဌိအစရှိသော သမ္မာမဂ္ဂင်များ အဆင့်ဆင့် ဖြစ်ပေါ် လာပုံတို့ကို ကဏှပက္ခ, သုက္ကပက္ခခွဲ၍ ဘုရားရှင် ဟောတော်မူသည့်သုတ်။

အဋ္ဌကထာနှင့် ဋီကာတို့၌ -မိစ္ဆာမဂ္ဂင်များနှင့် သမ္မာမဂ္ဂင်များ အကြောင်း အကျယ် ဝေဖန်၍ ဖွင့်ပြထားပါသည်၊ ဝိဇ္ဇာသည် ကမ္မဿကတာဉာဏ်ဖြစ်သည်-ဟု ဖွင့်ပြထားပါသည်။


[] အညတရရဟန်း၏ လျှောက်ထားချက်အရ အရိယသစ္စာလေးပါး၌ မသိသော ရဟန်းသည် အဝိဇ္ဇာ, အဝိဇ္ဇာဂတဖြစ်သည်၊ အရိယသစ္စာလေးပါးကို (မဂ်ဉာဏ်ဖြင့်) သိအောင် အားထုတ်ကြရမည်ဟု ဘုရားရှင် ဟောတော်မူသည့်သုတ်။


[] အဝိဇ္ဇာ စတင်ဖြစ်ပေါ်လာရာ အချိန်အခါ မထင်ရှားသော်လည်း အဝိဇ္ဇာ ဖြစ်ခြင်း အကြောင်း ရှိပုံ၊ နီဝရဏတရားငါးပါးကြောင့် အဝိဇ္ဇာဖြစ်ပုံ၊ ဒုစရိုက်သုံးပါးကြောင့် နီဝရဏတရားငါးပါးဖြစ်ပုံ၊ ဣန္ဒြိယအသံဝရကြောင့် ဒုစရိုက်သုံးပါးဖြစ်ပုံ၊ အသတိ အသမ္ပဇညကြောင့် ဒုစရိုက်သုံးပါးဖြစ်ပုံ၊ အယောနိသောမနသိကာရကြောင့် အသတိ အသမ္ပဇညဖြစ်ပုံ၊ အသဋ္ဌိယကြောင့် အယောနိသောမနသိကာရဖြစ်ပုံ၊ အသဒ္ဓမ္မဿဝနကြောင့် အယောနိသောမနသိကာရဖြစ်ပုံ၊ အသပ္ပုရိသူပသံသေဝကြောင့် အသဒ္ဓမ္မဿဝနဖြစ်ပုံ-ဟူသော အနုလောမနှင့် အသပ္ပုရိသူပသံသောကြောင့် အသဒ္ဓမ္မဿဝနဖြစ်ပုံ အစရှိသော ပဋိလောမကိုလည်းကောင်း တောင်ထိပ်၌ မိုးရွာ သော ဥပမာဖြင့် ဘုရားရှင် ဟောကြားတော်မူသည့်သုတ်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads