အဝဿုတပရိယာယသုတ်

From Wikipedia, the free encyclopedia

Remove ads

[] သက္ကနိုင်ငံ၊ ကပိလဝတ္ထုမြို့တော်၊ သကျမင်းတို့ မင်းကွန်းသစ်၌ ဘုရားရှင် တိုက်တွန်းချက်ကြောင့် ရဟန်းတို့အား အရှင်မောဂ္ဂလ္လာန်ထေရ် ဟောတော်မူသည့်သုတ်။

ဤသုတ်၌ အဆောက်အအုံအတွင်း၌ ဘုရားရှင်နှင့် သံဃာတော်များ လူပရိသတ်များ နေရာယူကြပုံ၊ ဘုရားရှင် တရားဟောတော်မူပုံတို့ကို လေ့လာနိုင်ပါသည်၊ အရှင်မောဂ္ဂလ္လာန်ထေရ်သည် ရဟန်းတို့အား ကိလေသာစိုစွတ်သူနှင့် မစိုစွတ်သူ နှစ်မျိုး, ကိလေသာစိုစွတ်ခြင်းအကြောင်းနှင့် မစိုစွတ်ခြင်းအကြောင်းတို့ကို ဥပမာများဖြင့် အကျယ်တဝင့် ဟောတော်မူပါသည်။ ယင်းဟောပြောချက်များကို ဘုရားရှင်က သာဓုခေါ်၍ ထပ်ဆင့် အတည်ပြုတော်မူပါသည်။

အဋ္ဌကထာ၌ -သန္ထာဂါရအဖွင့်၊ သကျနိုင်ငံတော်၏ အုပ်ချုပ်ရေး၊ သကျမင်း များ၏ ဘုရားရှင်အပေါ်၌ အလေးပြုကြပုံ၊ အခင်းအမျိုးမျိုး၊ နေရာခင်းထားပုံ၊ ရေအိုး တည်ထားခြင်း ဓလေ့၊ ဘုရားရှင်ထံချဉ်းကပ်ကြပုံ၊ ဘုရားရှင်နှင့် ပရိသတ်တို့ တင့်တယ် သပ္ပါယ် ကြည်ညိုဖွယ်ရှိတော်မူပုံ၊ ဘုရားရှင်အား ချီးကျူးပူဇော်ခြင်း အကြောင်း သိမှတ် ဖွယ်၊ သန္ထာဂါရ (ကျောင်း)အနုမောဒနာတရား၊ ရဟန်းတော်များ ထိနမိဒ္ဓ ကင်းကြပုံ၊ ဘုရားရှင်၏ ခါးတော်ညောင်းညာပုံ အစရှိသော ဖွင့်ဆိုချက်များကိုလည်းကောင်း၊

ဋီကာ၌ -သန္ထာဂါရပုဒ်အကြောင်းနှင့် အဓိပ္ပါယ်များ၊ နံ့သာလေးမျိုး၊ အိန္ဒိယ နိုင်ငံ၌ မြစ်ကြီးများ ၂၅-စင်း ရှိခဲ့ပုံ၊ ကျောင်း (အာဝါသ)ဒါန အကြောင်း၊ သီတံ ဥဏှံ အစရှိသော ဂါထာပုဒ်များ အဖွင့်၊ သန္ဒဿေတွာ အစရှိသောပုဒ်များ အဖွင့်-အစရှိသည်တို့ကိုလည်းကောင်း လေ့လာနိုင်ပါသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads