အသညသတ်

From Wikipedia, the free encyclopedia

Remove ads

အသညသတ်ဘုံ သည် ဝေဟပ္ဖိုလ်ဘုံနှင့် တပြင်တည်းမှာ တည်ရှိသည်။ အသညသတ်ဘုံသို့ ပဉ္စမဈာန်ရသော ပုဂ္ဂိုလ်များ ရောက်ကြသည်။ ပဉ္စမဈာန်ရသော ပုဂ္ဂိုလ်များဆိုသော်လည်း တခြားပဉ္စမဈာန်ရသော ပုဂ္ဂိုလ်များနှင့် မတူကြပါ။ သာသနာတော်မှ တပါးသော အယူအကျင့်ရှိသည့် တိတ္ထိကျောင်းများတွင် ရဟန်းပြုခဲ့ကြသော တိတ္ထိကြီးများ ဖြစ်သည်။ သူတို့သည် နာမ်တရားကို ရွံမုန်းကြသည်၊ အပြစ်မြင်ကြသည်။ နာမ်တရားကို ရွံမုန်းသောကြောင့် ကသိုဏ်း ဆယ်ပါးထဲမှ ဝါယောကသိုဏ်းကို စီးဖြန်းအားထုတ်ကြ၍ ပထမဈာန်သို့ ရောက်လာကြသည်။ ထို့ကြောင့် နာမ်မရှိသော အသညသတ်ဘုံကို ရောက်လာခြင်း ဖြစ်သည်။

အသညသတ်ဘုံတွင် ရှိသော ဗြဟ္မာကြီးများသည် မလှုပ်မယှက် ကျောက်ရုပ်တွေလိုဘဲနေသည်။ တချို့ဗြဟ္မာများသည် ရပ်၍၊ တချို့ ဗြဟ္မာများသည် လဲလျောင်း၍၊ တချို့ ဗြဟ္မာများသည် ထိုင်၍ ဣရိယာပုတ်အမျိုးမျိုးနှင့် နေထိုင်ကြသည်။ ထိုသို့ ဖြစ်ခြင်းမှာ အသညသတ် ဗြဟ္မာကြီးများသည် အသညသတ်ဘုံသို့ မရောက်ခင်က မိမိတို့ တောင်းတလာခဲ့သော ဣရိယာပုတ်ကြောင့် ဖြစ်သည်။ (ဥပမာ။ ။ လဲလျောင်းသော ဣရိယာပုတ်ကို တောင်းတလာခဲ့သော ပုဂ္ဂိုလ်သည် အသညသတ်ဘုံသို့ ရောက်သောအခါ လဲလျောင်း၍ မလှုပ်မယှက် ကျောက်ရုပ်ကဲ့သို့ ဖြစ်နေသည်။)

အသညသတ်ဘုံ၏ ပဋိသန္ဓေစိတ်သည် ဇီဝိတနဝကကလပ် ခေါ်သော ရုပ်ပဋိသန္ဓေစိတ်ဖြစ်သည်။ ထိုအသညသတ်ဗြဟ္မာဘုံတွင် သုဂတိအဟိတ် ပုထုဇဉ် တစ်ယောက်ပဲ ရသည်။ အသညသတ်ဗြဟ္မာဘုံသည် ရပ်ပြစ်ရှစ်ပါးထဲ၌ ပါဝင်သည်။ သက်တမ်းအားဖြင့် ကမ္ဘာပေါင်း ၅၀၀-အထိ အသက်ရှည်သည်။ []

Remove ads
Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads