အသပ္ပုရိသဒါနသုတ်

From Wikipedia, the free encyclopedia

Remove ads

[] အသက္ကစ္စဒါန၊ အစိတ္တိကတွာဒါန၊ အသဟတ္ထဒါန၊ အပဝိဒ္ဓဒါန၊ အနာဂမနဒိဋ္ဌိကဒါနဟူသော ဒါနငါးမျိုးသည် အသပ္ပုရိသဒါနဖြစ်သည်၊ ယင်းတို့၏ ဆန့်ကျင်ဘက် ဒါနငါးမျိုးသည် သပ္ပုရိသဒါနဖြစ်သည်-ဟု ကဏှပက္ခ, သုက္ကပက္ခ ခွဲ၍ ဟောတော်မူသည့်သုတ်။ []


အသပ္ပုရိသဒါနသုတ် သည် မြတ်စွာဘုရားဟောကြားတော်မူခဲ့သည့် သုတ္တန်တစ်ခု ဖြစ်သည်။ ဤသုတ္တန်တွင် မြတ်စွာဘုရားသည် သူတော်မဟုတ်သူတို့၏ ပေလှူခြင်း ငါးမျိုးနှင့် သူတော်ကောင်းတို့၏ ပေးလှူခြင်း ငါးမျိုးတို့ကို ဟောကြားတော်မူခဲ့သည်။[]

Remove ads

အသပ္ပုရိသဒါနသုတ်

ရဟန်းတို့ သူတော်မဟုတ်သူတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်း ဟူမူ -

မရိုမသေ ပေးလှူ၏၊ မလေးမစား ပေးလှူ၏၊ မိမိ လက်ဖြင့် (ကိုယ်တိုင်) မပေးလှူ၊ စွန့်ပစ်သကဲ့သို့ ပေးလှူ၏၊ အကျိုးသက်ရောက်လိမ့်မည်ဟု အယူမရှိပဲ ပေးလှူ၏။

ရဟန်းတို့ သူတော်မဟုတ်သူတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။

ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း။

အဘယ်ငါးမျိုးတို့နည်း ဟူမူ -

ရိုသေစွာ ပေးလှူ၏၊ လေးစားစွာ ပေးလှူ၏၊ မိမိလက်ဖြင့် (ကိုယ်တိုင်) ပေးလှူ၏၊ စွန့်ပစ်သကဲ့သို့ မပေးလှူ၊ အကျိုးသက်ရောက်လိမ့်မည်ဟု အယူရှိလျက် ပေးလှူ၏။

ရဟန်းတို့ သူတော်ကောင်းတို့၏ ပေးလှူခြင်းတို့သည် ဤငါးမျိုးတို့တည်း ဟု (မိန့်တော်မူ၏)။[]

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads