အသမ္ဘိန္နဓာတ်တော်

From Wikipedia, the free encyclopedia

Remove ads

အသမ္ဘိန္န ဓာတ်မြတ်လှ၊ ပင့်ကြွ ၆-ဌာနာ။ အသမ္ဘိန္နဓာတ်တော် ၇-ဆူကို ပင့်ယူကိုးကွယ်ရာ ဌာနခြောက်ပါးဟူ၏။ မြတ်စွာဘုရားသခင် ပရိနိဗ္ဗာန်ပြုရာ၌ မပြိုကွဲ မပျက်စီးပဲ ကျန်ရစ်နေခဲ့သော ဓာတ်တော် ခုနစ်ပါး။

  • (၁) နဖူးသင်းကျစ်တော်ဓာတ် ဗြဟ္မာပြည်၌ တစ်ဌာန၊
  • (၂) အထက် လက်ယာ စွယ်တော်နှင့် ၎င်းညပ်ရိုးတော်ဓာတ် ၂-ဆူ တာဝတိံသာ စူဠာမုနိ၌ တစ်ဌာန၊
  • (၃) အောက်လက်ယာစွယ်တော် နဂါးပြည်၌ တစ်ဌာန၊
  • (၄) အောက်လက်ဝဲစွယ်တော် ကာလိင်္ဂရာဇ်နိုင်ငံမှ ဆောင်ယူ၍ သီဟိုဠ်ကျွန်း၌ တစ်ဌာန၊
  • (၅) အထက် လက်ဝဲစွယ်တော် (ဂန္ဓာရတိုင်း) သင်းတွဲပြည်၌ တစ်ဌာန၊
  • (၆) လက်ဝဲညှပ်ရိုးတော် လင်္ကာဒီပ မဟိယင်္ဂဏ၌ တစ်ဌာနဟု မူလကျမ်းဂန်တို့ကဆို၏၊

ထိုမှနောက်၌ကား ကျေးကုလားတို့ရန်မှ ကင်းလွတ်မှုအတွက် သီဟိုဠ်ကျွန်းမှ မြန်မာပြည်စစ်ကိုင်းကောင်းမှုတော်ကြီးသို့ အပြောင်းအလွှဲရှိသေး၏ဟု မှတ်ရာသည်။ []

Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads