အသောကကျောက်တိုင်များ

From Wikipedia, the free encyclopedia

အသောကကျောက်တိုင်များ
Remove ads

အသောကကျောက်တိုင်များ သည် ဘီစီ ၃ ရာစုတွင် အိန္ဒိယတိုက်ငယ်တစ်လျှောက် အသောကမင်း လက်ထက်တွင် စိုက်ထူခဲ့သော ကျောက်တိုင်များ ဖြစ်သည်။ ထိုကျောက်စာတိုင်များတွင် အသောကမင်း၏ အမိန့်ပြန်တမ်းလည်း ဖော်ပြပါဝင်လျက် ရှိသည်။ အသောကမင်းသည် ကျောက်တိုင်များကို ကိုယ်တိုင်စိုက်ထူခဲ့ပြီး ကျောက်တိုင် (၂၀) တွင် ယနေ့ထက်တိုင် အမိန့်ပြန်တမ်းများ ရှိနေတုန်း ဖြစ်သည်။ ကျောက်တိုင်နှစ်ခုသည် Firuz Shah Tughlaq မှ ဒေလီသို့ နေရာပြောင်းရွှေ့ခဲ့သည်။ နောက်ပိုင်းတွင်များစွာသော ကျောက်တိုင်များကို Mughal အင်ပါယာအုပ်ချုပ်သူများက နေရာပြောင်းရွှေ့ခဲ့ကြသည်။ ပျမ်းမျှ ၁၂ - ၁၅ မီတာ (၄၀ - ၅၀ ပေ) ကြားအမြင့်နှင့် အလေးချိန် ၅၀ တန် စီရှိသော ကျောက်တိုင်များကို တရွတ်တိုက်ဆွဲကာ စိုက်ထူလိုသောနေရာသို့ ရွှေ့ကြသည်။ ထိုသို့ဆွဲရာ တစ်ခါတရံ မိုင်ရာပေါင်းများစွာပင် ရှိသည်။

အချက်တိုများ ပစ္စည်း, ကာလ/ယဉ်ကျေးမှု ...
Remove ads

ကိုးကား

Loading related searches...

Wikiwand - on

Seamless Wikipedia browsing. On steroids.

Remove ads