အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန
From Wikipedia, the free encyclopedia
Remove ads
အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများမှသည် အကြီးစားစက်မှုလုပ်ငန်းနယ်ပယ်သို့ ကူးပြောင်း ချဲ့ထွင်လာနိုင်စေရန် ထောက်ပံ့ကူညီ အားပေးခြင်းဖြင့် အနာဂတ် ရေရှည်စီးပွားရေးကို တိုးတက်ခိုင်မာလာစေရန်ရည်ရွယ်၍ ဖွဲ့စည်းထားခြင်းဖြစ်သည်။ ဌာနအနေဖြင့် Small and Medium Enterprises (SMEs) များ၏ database တည်ဆောက်လျက် လိုအပ်သည့် အကူအညီများ၊ သတင်းအချက်အလက်များ ပံ့ပိုးပေးခြင်း၊ SMEs များ၏ လုပ်ငန်းမှတ်ပုံတင်ခြင်းနှင့် ငွေကြေးရယူလိုခြင်းများအတွက် ကူညီပံ့ပိုးပေးခြင်း၊ လုပ်ငန်းစတင်တည်ထောင်လိုသူ များအတွက် အကြံဉာဏ်နှင့် သတင်းအချက်အလက်များဖြင့် တိုင်ပင်ဆွေးနွေးညှိနှိုင်းပေးခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သင်တန်းများ ပို့ချခြင်းကို ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးခြင်း၊ ASEAN SMEs Portal နှင့်ချိတ်ဆက်၍ Online Servicing ပေးခြင်း၊ Business Matching များ ပြုလုပ်၍ ပြည်တွင်း၊ ပြည်ပ SMEs များအား ချိတ်ဆက်ပေးခြင်း၊ ပြည်ပဈေးကွက် ရရှိရန်အတွက် Export Consortia Team များ (Cluster) ဖွဲ့စည်းပေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိသည်။
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနကို ရန်ကုန်တိုင်းဒေသကြီး၊ တက္ကသိုလ်ရိပ်သာလမ်းသစ်၊ အမှတ်(၃၅-ဘီ/၁၅) တွင် ဖွင့်လှစ်ထားသည်။
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူတို့၏ လူမှုစီးပွားရေးတိုးတက်မှုတို့အတွက် အရေးပါသည့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ တို့ကို ၂ဝ၁၃ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်တွင် နိုင်ငံတော်သမ္မတရုံး အမိန့် ကြော်ငြာစာအမှတ်၊ ၁၁/၂ဝ၁၃ အရ ဖွဲ့စည်းခဲ့သည်။ [၁]
Remove ads
သမိုင်းကြောင်း
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်မှ စ၍ အမှတ်(၁) စက်မှုဝန်ကြီးဌာနနှင့် အမှတ်(၂) စက်မှုဝန်ကြီးဌာနတို့ကို စက်မှု ဝန်ကြီးဌာနအဖြစ် ပြန်လည်ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ၂၀၁၂ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့မှစ၍ စက်မှုဝန်ကြီးဌာနအား ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန (၃) ခု၊ လုပ်ငန်းဌာန (၆) ခုနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာန အပါအဝင် ဗဟိုဌာန (၂) ခုတို့ဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။
ဖွဲ့စည်းပုံ
အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုဌာနအား ဌာနကြီး (၃) ခုဖြင့် အောက်ပါအတိုင်း ဖွဲ့စည်းထားသည်။
- စက်မှုဇုန်ဖွံ့ဖြိုးရေး/နည်းပညာတိုးတက်ရေးဌာန
- ပြည်ပဆိုင်ရာလုပ်ငန်းဌာန
- ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဌာန
လုပ်ငန်းတာဝန်များ
(က) စက်မှုဇုန်ဖွံ့ဖြိုးရေး/နည်းပညာတိုးတက်ရေးဌာန၏ လုပ်ငန်းတာဝန်များ
- SME လုပ်ငန်းများ၏ Database တည်ဆောက်ခြင်း။
- နည်းပညာနှင့်စီးပွားရေးဆိုင်ရာအကြံပြုချက်များလွှဲပြောင်းပေးခြင်းနှင့်ဖြန့်ဖြူးပေးခြင်း။
- Workshop, Seminar များ၊ အစည်းအဝေးများအား ပြည်တွင်းပြည်ပ ပညာရှင်များ ဖြင့် ပြုလုပ်ခြင်း၊
- စီးပွားရေးလုပ်ငန်းဆိုင်ရာအတွေ့အကြုံဗဟုသုတများ မျှဝေနိုင်ရန် ပြည်တွင်းရှိ SMEs Cluster များနှင့်ညှိနှိုင်းခြင်း၊ပည်ပမှ အတွေ့အကြုံဗဟုသုတများကို လေ့လာ၍ ပြန် လည်ဖြန့်ဖြူးခြင်း၊
- ကုန်သွယ်မှုနှင့်ဈေးကွက်တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန်အတွက် သက်ဆိုင်ရာသတင်း အချက်အလက်များ ကူညီထောက်ပံ့ဖြန့်ဖြူးပေးခြင်း။
(ခ) ပြည်ပဆိုင်ရာလုပ်ငန်းဌာန၏ လုပ်ငန်းတာဝန်များ
- ဒေသတွင်း ASEAN နိုင်ငံများနှင့်လည်းကောင်း၊ အခြားဆက်စပ်အဖွဲ့အစည်းများနှင့် လည်းကောင်း၊
- SME ဆိုင်ရာကိစ္စရပ်များကို ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် ASEAN SMEWG အစည်းအဝေးများသို့ တက်ရောက်ခြင်း၊ ဆက်သွယ်ဆောင် ရွက်ခြင်း။
- SME လုပ်ငန်းများ ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် Online Service ဖြင့် ဝန်ဆောင်ပေးခြင်း။
- Trade Exhibition များ ကျင်းပနိုင်ရန် ပြည်တွင်း/ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင် ရွက်ခြင်း။
- SME ဆိုင်ရာနည်းပညာ၊ စီမံခန့်ခွဲမှု၊ ဘဏ္ဍာရေးနှင့်ဈေးကွက်ဆိုင်ရာ သတင်းအချက် အလက်များ ကူညီပံ့ပိုးပေးခြင်း။
- ပြည်ပဈေးကွက်နှင့်စီးပွားရေးဆိုင်ရာကိစ္စရပ်များအား ချိတ်ဆက်ဆောင်ရွက်ပေးခြင်း။
(ဂ) ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းဌာန၏ လုပ်ငန်းတာဝန်များ
- ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် စီးပွားရေးလုပ်ငန်းရှင်များအား ချိတ်ဆက်ညှိနှိုင်းဆောင်ရွက်ပေးခြင်း။
- SME လုပ်ငန်းများ၏ ဖန်တီးနိုင်မှုစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်၍ နိုင်ငံအတွင်းရှိ Innovative SMEs ကို ရွေးချယ်ပြီးInternational Awards များပေးနိုင်ရန် စီစဉ် ဆောင်ရွက်ခြင်း။
- အသစ်တည်ထောင်မည့် အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများနှင့် ထပ်မံတိုးချဲ့လိုသောလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ငွေကြေးထောက်ပံ့မှုများကို အသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးဘဏ် (SME Bank) မှ ချေးငွေရရှိရန် ထောက်ခံချက်ပေးခြင်း။
- ပြည်တွင်းထုတ်ကုန်ပစ္စည်းများ ဈေးကွက်သို့ ပိုမိုတွင်ကျယ်စွာ ဝင်ရောက်နိုင်စေရန် အတွက် showroom နှင့် ကုန်စည်ပြပွဲများကျင်းပနိုင်ရန် စီမံဆောင်ရွက်ခြင်း။
ကိုးကား
ပြင်ပအဆက်အသွယ်
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads