အာခီးယာ
ပရိုကာယိုတစ် အဏုဇီဝသက်ရှိများ၏ နယ်ပယ် From Wikipedia, the free encyclopedia
Remove ads
အာခီးယာ (/ɑːrˈkiːə/ ( ) ar-KEE-ə) သည် ဇီဝဗေဒ နယ်ပယ်တွင် ကလပ်စည်းဝတ်ဆံ (cell nuclei) ကင်းမဲ့ကြသော ဆဲလ်တခုတည်းရှိ သက်ရှိများဖြစ်ကြသည်။ အာခီးယာများကို မူလက ဘက်တီးရီးယားဟု အမျိုးအစား ခွဲခြားခဲ့ကြသော်လည်း နောက်ပိုင်းတွင် ဘက်တီးရီးယားအုပ်စုမှ ဖယ်ထုတ်ခဲ့သည်။[၂] အာခီးယာသည် သုံးနယ်ပယ်ခွဲ မျိုးရိုးခွဲခြင်းစနစ် ဖြစ်သော ဘက်တီးရီးယား၊ ယူကာယုတ်တို့မှ ကွဲပြားခြားနားသည်။ အာခီးယာများကို ထပ်မံ၍ များစွာသော မျိုးပေါင်းစုများအဖြစ် ပိုင်းခြားသေးသည်။ ယင်းတို့အား အမျိုးအစားခွဲခြားရန် အလွန်ခက်ခဲပြီး အများစုကို ဓာတ်ခွဲခန်းတွင် ခွဲခြမ်းစိပ်ဖြာခြင်း မရှိကြသေးပေ။ အာခီးယာနှင့် ဘက်တီးရီးယားတို့သည် ပုံစံ၊ အရွယ်အစား ဆင်တူကြသည်။
Remove ads
ကိုးကား
Wikiwand - on
Seamless Wikipedia browsing. On steroids.
Remove ads